မောင်တောတွင် ARSA, RSO ထောင်တဲ့မိုင်းနင်းမိလို့ မွတ်ဆလင်တဦး ခြေတဖက်ပြတ် ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၇ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် မောင်တောမြို့နယ်တွင် ARSA, RSO ထောင်ထားတဲ့ မိုင်းနင်းမိလို့ နိုဝင်ဘာလ ၁၇ ရက် ညနေ ၄ နာရီခန့်က မွတ်ဆလင်တဦး ခြေတဖက်ပြတ် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ကျွဲကျောင်းဖို့သွားတာမှာ မိုင်းနင်းမိတာ၊ ညာဖက်ခြေထောက် ဒူးဆစ်အောက်က ပြတ်ထွက်သွားတယ်။ ဘယ်ဖက်ခြေထောက်လည်း ဒဏ်ရာရသွားတယ်” လို့ မောင်တောမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ARSA, RSO ထောင်ထားတဲ့ မိုင်းနင်းမိလို့ ဒဏ်ရာရရှိသွားသူမှာ ရက္ခိုင်ပြည် မောင်တောမြို့နယ် ငန်းချောင်းမြာက်ရွာက အသက် ၅၅ နှစ် အရွယ် ဦးအဘူလာချိန် ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ နိုဝင်ဘာလ ၁၄ ရက်ကလည်း ARSA, RSO ထောင်ထားတဲ့ မိုင်းနင်းမိလို့ မောင်တောမြို့နယ် ခုန်တိုင်ရွာက မြိုတိုင်းရင်းသာတဦး သေဆုံးခဲ့ပါတယ်။

Related posts

မြောက်ဦးကို စစ်ကောင်စီ ဗုံးလာကြဲ၊ ပြည်သူ ၃ ဦးသေ လို့ ကနဦး သိရ

M League II မှာ ရခိုင်ယူနိုက်တက်က Enjoy Brother ကို ၇-၁ နိုင်၊ ထွန်းနိုင်စိုး ၄ ဂိုးသွင်းပြီး AYA Pay ပွဲစဉ်အကောင်းဆုံးဆုရ

၃လအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေမှာ ရက္ခိုင်က အရပ်သား ၇၇ ဦး သေဆုံးပြီး တစ်နိုင်ငံလုံး အများဆုံးလို့ NLTA ဖော်ပြ