NewsPolitic

ARSA, RSO ထောင်ထားတဲ့ မိုင်းနင်းမိလို့ မောင်တောဒေသခံတဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၁၆ နိုဝင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် မောင်တောမြို့နယ်တွင် ARSA, RSO ထောင်ထားတဲ့ မိုင်းနင်းမိလို့ နိုဝင်ဘာလ ၁၄ ရက်က ဒေသခံတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“လဘော်ဝချောင်းနဲ့ သံပုရာချောင်းကြားက ဝါးတောမှာ ဝါးသွားခုတ်ကြတာ။ အဲဒီမှာ သူက မိုင်းတက်နင်းမိလို့ ဘယ်ဖက်ခြေထောက် ပြတ်ထွက်သွားပြီး လမ်းမှာပဲ သွေးထွက်လွန်ပြီး ဆုံးသွားတာ” လို့ မောင်တောမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ARSA, RSO ထောင်ထားတဲ့ မိုင်းနင်းမိလို့သေဆုံးသွားသူမှာ ရက္ခိုင်ပြည် မောင်တောမြို့နယ် ခုန်တိုင်ရွာက အသက် ၄၂ နှစ် အရွယ် ဦးဒေါင်ရွိင် ဖြစ်တယ်လို့ သိရပါတယ်။

“သွားတာကတော့ ရွာက ရွာသားတွေနဲ့အတူ ဝါးခုတ်သွားကြတာ။ ပေါက်ကွဲသံကြားရတာတော့ မနက် ၈ နာရီခွဲလောက်မှာ။ ကျန်တဲ့သူတွေတော့ ဘာမှ မဖြစ်ပါဘူး” လို့ သူက ထပ်မံ ပြောပါတယ်။

ARSA, RSO ထောင်ထားတဲ့ မိုင်းနင်းမိလို့‌ သေဆုံးသွားခဲ့တဲ့ ဦးဒေါင်ရွိင်ရဲ့ ရုပ်အလောင်းကိုတော့ မနေ့က (၁၅ နိုဝင်ဘာ) မှာ မီးသင်္ဂြိုလ်လိုက်တယ်လို့လည်း သိရပါတယ်။

Related posts

စစ်ကျန်လက်နက် ပေါက်ကွဲလို့ ပေါက်တောမှာ ၂ ဦးသေ၊ ၄ ဦး ဒဏ်ရာရ

Rakhita Times

ဖားကန့်တွင် ရက္ခိုင် ၃ ဦး အပါအဝင် ပြည်သူ ၄ ဦးကို စကမ နှိပ်စက်သတ်ဖြတ်ပြီး အလောင်းတွေကို လမ်းမပေါ် လာရောက်စွန့်ပစ်

Rakhita Times

သံတွဲနဲ့ ဂွ မြို့နယ်က စစ်သုံပန်း ၇၀ ခန့်ကို AA က ပြန်လွှတ်ပေး

Rakhita Times

5 comments

Leave a Comment