M League II မှာ ရခိုင်ယူနိုက်တက်က Enjoy Brother ကို ၇-၁ နိုင်၊ ထွန်းနိုင်စိုး ၄ ဂိုးသွင်းပြီး AYA Pay ပွဲစဉ်အကောင်းဆုံးဆုရ

အာရက္ခတိုင်းမ်စ် (၁၂ နိုဝ်ဘာ ၂၀၂၆)

M League II ၂၀၂၆-၂၇ အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-5) ပွဲစဉ်တစ်ပွဲကို ဒီကနေ့ညနေက ပဒုမ္မာကွင်းမှာ ကစားခဲ့ပြီး ရခိုင်ယူနိုက်တက် (Rakhine Utd) အသင်းက Enjoy Brother အသင်းကို ၇ ဂိုး – ၁ ဂိုးနဲ့ အနိုင်ရခဲ့ကြောင်း သိရပါတယ်။

ရခိုင်ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား ကျောနံပါတ် ၂၉ ထွန်းနိုင်စိုးက ဒီပွဲစဉ်မှာ ဂိုး ၄ ဂိုး သွင်းယူခဲ့တယ်လို့ သိရပြီး ဂိုး ၄ ဂိုးသွင်းတာကို “စူပါဟတ်ထရစ်” လို့ ခေါ်တယ်လို့လည်း သိရပါတယ်။

ထွန်းနိုင်စိုးက AYA Pay Player Of The Match ဆု ရရှိခဲ့ပြီး ဆုတံဆိပ်နဲ့အတူ ဆုငွေ ကျပ် ၅ သိန်းကို ရခိုင်ယူနိုက်တက်အသင်း ဥက္ကဋ္ဌ ဦးကျော်လွင်က ချီးမြှင့်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီဆုချီးမြှင့်တဲ့ အစီအစဉ်ကို M League ရဲ့ Official Payment Partner AYA Pay က ပံ့ပိုးထားတယ်လို့ သိရပါတယ်။

Related posts

၃လအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေမှာ ရက္ခိုင်က အရပ်သား ၇၇ ဦး သေဆုံးပြီး တစ်နိုင်ငံလုံး အများဆုံးလို့ NLTA ဖော်ပြ

ဘူးသီးတောင်က ရွာ ၉ ရွာရှိ အိမ်ထောင်စု ၃၇၅ စုကို စိုက်ပျိုးရေးမျိုးစေ့တွေ ခရိုင်ပါတီကော်မတီ ထောက်ပံ့

မလေးရှားက ရက္ခိုင်လူငယ်တွေ ကျင်းပတဲ့ ရန်ပုံငွေ ဘောလုံးပြိုင်ပွဲက စစ်ဘေးရှောင်တွေအတွက် ကျပ် ၁၇၅ သိန်း ရ