အာရက္ခတိုင်းမ်စ် (၆ ဒီဇင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည် ရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့စဉ်ရက်ဆက်ဆိုသလို ဖမ်းဆီးရမိနေတယ်လို့ သိရပါတယ်။
“ ဒီလ ၃ ရက်နေ့ကလည်း ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလာ ၆ ယောက် နဲ့ ငါးဖမ်းလှေ ၅ စီး ဖမ်းဆီးရခဲ့တယ်။ ရက်ခြားဆိုသလိုကို ဖမ်းမိနေတာ။ ဖမ်းမိတဲ့သူတွေကို ဥပဒေအတိုင်း တိတိကျကျ အရေးယူပေးစေချင်တယ်။ မဟုတ်ရင် ဖမ်းလိုက် လွှတ်လိုက်ဆို ကြာရင် အားမနာဖြစ်လာဖို့” လို့ မောင်တောမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
နိုဝင်ဘာလ ၂၇ ရက်ကလည်း ရက္ခိုင်ရေပိုင်နက်အတွင်း ဝင်ရောက် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂ ဦးနဲ့အတူ ငါးဖမ်းလှေ ၂ စီးကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။
ရက္ခိုင်ပြည် မောင်တောနဲ့ ရသေ့တောင်မြို့နယ်ရှိ ရက္ခိုင်ရေပိုင်နက်ထဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ငါးဖမ်းသမားတွေဟာ နေ့စဉ်ရက်ဆက်ဆိုသလို လာရောက်ငါးခိုးဖမ်းနေကြလို့ ဒေသခံတွေအနေနဲ့ လုံခြုံရေးအရလည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
“ သာမန်ငါးခိုးဖမ်းတဲ့သူဆိုရင် သိပ်ပြဿနာမရှိပေမယ့် အကြမ်းဖက်သောင်းကျန်းသူတွေက ငါးဖမ်းသမား အယောင်ဆောင်လာတာမျိုးကိုတော့ စိုးရိမ်မိတယ်။ နယ်စပ်မှာ မကြာခဏ အသတ်ခံရတာတွေလည်း ရှိနေတော့လေ။ ဘာဖြစ်ဖြစ် ဖမ်းမိရင်တော့ ထိထိရောက်ရောက်ကို အရေးယူပေးစေချင်တယ်” လို့ သူက ထပ်မံပြောပါတယ်။
အလားတူ နိုဝင်ဘာလ ၁၈ ရက်ကလည်း ရက္ခိုင်ပြည် မောင်တောမြို့နယ်ရှိ ရက္ခိုင်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးကို အာရက္ခကမ်းခြေစောင့်တပ်ဖွဲ ဖမ်းဆီးရမိခဲ့ပါတယ်။
4 Comment
Yo, check out v9betdesign. heard they’ve got some sick deals and a real smooth interface. Worth a look if you’re looking to try something new, man.
Downloaded the sv66apps a few days back and I like it! Much easier to play on my phone. Pretty smooth too. Give it a try at sv66apps. May your odds be forever in your favour.
заклепка вытяжная бортики заклепка вытяжная нержавеющая
дизайн ванной коттеджа дизайн домов и коттеджей