အာရက္ခတိုင်းမ်စ် (၆ ဒီဇင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည် ရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကို အာရက္ခကမ်းခြေစောင့်လုံခြုံရေးတပ်ဖွဲ့ဝင်များက နေ့စဉ်ရက်ဆက်ဆိုသလို ဖမ်းဆီးရမိနေတယ်လို့ သိရပါတယ်။
“ဒီလ ၃ ရက်နေ့ကလည်း ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလာ ၆ ယောက် နဲ့ ငါးဖမ်းလှေ ၅ စီး ဖမ်းဆီးရခဲ့တယ်။ ရက်ခြားဆိုသလိုကို ဖမ်းမိနေတာ။ ဖမ်းမိတဲ့သူတွေကို ဥပဒေအတိုင်း တိတိကျကျ အရေးယူပေးစေချင်တယ်။ မဟုတ်ရင် ဖမ်းလိုက် လွှတ်လိုက်ဆို ကြာရင် အားမနာဖြစ်လာဖို့” လို့ မောင်တောမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
နိုဝင်ဘာလ ၂၇ ရက်ကလည်း ရက္ခိုင်ရေပိုင်နက်အတွင်း ဝင်ရောက် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၂ ဦးနဲ့အတူ ငါးဖမ်းလှေ ၂ စီးကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။
ရက္ခိုင်ပြည် မောင်တောနဲ့ ရသေ့တောင်မြို့နယ်ရှိ ရက္ခိုင်ရေပိုင်နက်ထဲကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ငါးဖမ်းသမားတွေဟာ နေ့စဉ်ရက်ဆက်ဆိုသလို လာရောက်ငါးခိုးဖမ်းနေကြလို့ ဒေသခံတွေအနေနဲ့ လုံခြုံရေးအရလည်း စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
“သာမန်ငါးခိုးဖမ်းတဲ့သူဆိုရင် သိပ်ပြဿနာမရှိပေမယ့် အကြမ်းဖက်သောင်းကျန်းသူတွေက ငါးဖမ်းသမား အယောင်ဆောင်လာတာမျိုးကိုတော့ စိုးရိမ်မိတယ်။ နယ်စပ်မှာ မကြာခဏ အသတ်ခံရတာတွေလည်း ရှိနေတော့လေ။ ဘာဖြစ်ဖြစ် ဖမ်းမိရင်တော့ ထိထိရောက်ရောက်ကို အရေးယူပေးစေချင်တယ်” လို့ သူက ထပ်မံပြောပါတယ်။
အလားတူ နိုဝင်ဘာလ ၁၈ ရက်ကလည်း ရက္ခိုင်ပြည် မောင်တောမြို့နယ်ရှိ ရက္ခိုင်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက် ငါးခိုးဖမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၆ ဦးကို အာရက္ခကမ်းခြေစောင့်တပ်ဖွဲ ဖမ်းဆီးရမိခဲ့ပါတယ်။

7 comments
Coming back tomorrow when I can give this a proper read, the post deserves better attention than I can give right now, and a look at lunivora suggests there is plenty more here that deserves the same treatment, definitely a site I will be exploring properly over the next few days when I can.
Came across this and immediately thought of a friend who would enjoy it, and a stop at clarvesta also reminded me of someone, content that triggers the urge to share is content that has earned my recommendation and this site has earned multiple from me already across different conversations during the week.
A piece that did exactly what it promised in the headline without overshooting or underdelivering, and a look at mimosamarket continued that calibration, alignment between promise and delivery is a basic editorial virtue that many sites fail at and this site has clearly mastered the matching of expectation and substance throughout pieces.
Glad I gave this fifteen minutes rather than the usual three minute skim, and a look at seamsecret earned the same investment, time spent on quality content is rarely wasted but the reverse is also true and learning which sites deserve which kind of attention is part of being a careful online reader.
Now noticing that the post benefited from being neither too short nor too long for its content, and a look at gpugearhouse continued that calibration of length, sites that match length to content rather than padding to hit some target are sites that respect both their material and their readers and this site does both.
Closed the laptop and walked away thinking about the post for a good twenty minutes, and a stop at wifiwizard produced similar lingering thoughts, content that survives the closing of the browser tab is content that has actually entered the mind rather than just decorating the screen for the duration of the reading.
A piece that demonstrated competence without performing it, and a look at vpnvault maintained the same self assured but unshowy register, the gap between competence and performance of competence is one I track and this site has clearly chosen to demonstrate rather than perform which I find much more persuasive as a reader.