အာရက္ခတိုင်းမ်စ် (၁၄ ဒီဇင်ဘာ ၂၀၂၅)
ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံ ဗုံးကြဲမှုဖြစ်စဉ်တွင်ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၇၇ ဦးရဲ့ အချက်အလက်တွေကို အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၁၃ ရက် ည ၁၀ နာရီ ၃၀ မိနစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒဏ်ရာရရှိသူများမှာ အမျိုးသား ၂၉ ဦး နဲ့ အမျိုးသမီး ၄၈ ဦးဖြစ်ပြီး ၎င်းတို့အနက် အသက် ၁၅ နှစ် ကနေ အသက် ၆၈ နှစ်အရွယ်ထိ ပါဝင်တယ်လို့ သိရပါတယ်။
အဆိုပါ ဒဏ်ရာရရှိခဲ့သူ ၇၇ ဦးအနက် ၁၆ ဦးရဲ့ အခြေအနေမှာ ပြင်းထန် စိုးရိမ်ရတယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။