တရုတ်သာ မြောက်ပိုင်း သုံးဖွဲ့နဲ့ PDF တို့ကို မဖြိုခွဲရင် စကမ အမြန်ကျဆုံးနိုင်

အာရက္ခတိုင်းမ်စ် (၁၄ ဒီဇင်ဘာ ၂၀၂၅)

တရုတ်နိုင်ငံအနေနဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်၊ တအာင်းတပ် တို့နဲ့ PDF တို့ ပူးပေါင်းနေမှုကို ဖြိုခွဲတာမျိုး မလုပ်ခဲ့ဘူးဆိုပါက စကမ ဟာ အလျှင်အမြန် ကျဆုံးသွားနိုင်တယ်လို့ စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

လက်ရှိမှာတော့ တရုတ်ရဲ့ ဖိအားပေးမှုကြောင့် ကိုးကန့်တပ်နဲ့ တအာင်းတပ်တို့ နှစ်ခုစလုံးဟာ စကမ နဲ့အပစ်အခတ် ရပ်စဲထားကြပြီး နယ်မြေအချို့ကို ပြန်လည်လွှဲပြောင်း ပေးအပ်ထားရတာ ဖြစ်ပါတယ်။

လက်နက်ကိုင် တော်လှန်နေကြတဲ့ အင်အားစုတွေအတွက် လက်နက်ခဲယမ်း ကုန်ကြမ်းတွေဟာ တရုတ်ကနေ အဓိကလာတာ ဖြစ်တာကြောင့် တရုတ်က ရပ်ဆိုရင် ရပ်ရတဲ့ သဘောမှာ ရှိနေတာလို့ စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အခု အနေအထားက တပ်အင်အားလည်း သိပ်ပြီးတော့ မလုံလောက်ဘူးပေါ့။ အဲဒီ အခါကြတော့ လက်နက်ကိုင်တော်လှန်နေတဲ့ အဖွဲ့တွေဘက်က လက်နက်ခဲယမ်းမီးတောက် ထောက်ပံ့နိုင်တဲ့ လမ်းကြောင်းတခု ရှိတာလည်း တော်တော်လည်း အခက်အခဲ တွေ့နိုင်တယ်။ တော်တော်များများ ခန့်မှန်းနေတာကတော့ တရုတ်ကသာ အခုလို ကြားဝင်ပြီးတော့ ညီနောင် သုံးဖွဲ့နဲ့ NUG, PDF တို့ အဆက်ဖြတ်တဲ့ ကိစ္စမျိုးကို ဖိအားပေးပြီးတော့ ဖြိုခွဲတာမျိုး မလုပ်ခဲ့ဘူးဆိုရင်တောင်မှ စကစ က အလျှင်အမြန် ကျဆုံးသွားနိုင်တယ်။ လက်နက်ခဲယမ်း ရေသောက်မြစ်ကတော့ ‘ဝ’ ဆီက လာတာပေါ့။ ‘ဝ’ ဆီက လာတယ်ဆိုတော့ ခဲယမ်းမီးတောက် လုပ်ဖို့အတွက် ကုန်ကြမ်းတွေကလည်း တရုတ်ဆီက လာတာဖြစ်နေတော့ ဘယ်လိုမှ မတတ်နိုင်ဘူး ဟိုဘက်က ရပ်ဆို ရပ်ရတာပေါ့။ ထုတ်ဆိုထုတ်ရတာပေါ့” လို့ သူက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးပြီးနောက် ညီနောင်မဟာမိတ် သုံးဖွဲ့ဟာ အားအရမ်းကောင်းလွန်းပြီး မြို့တွေ အများအပြား သိမ်းပိုက်ရရှိနေချိန်မှာ တရုတ်ရဲ့ဖိအားကြောင့် ကိုးကန့်တပ်က အရင်ဆုံး လားရှိုးမြို့ကနေ ပြန်လည် ဆုတ်ခွာပေးခဲ့ရတာပါ။

အဲဒီနောက် PDF တွေကိုလည်း မောင်းထုတ်ခဲ့ကြောင်း သိရပါတယ်။

မကြာသေးခင်ကပဲ တအာင်းတပ်ဟာလည်း စကမ နဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားကာ မိုးကုတ်နဲ့ မိုးမိတ်ကနေ ပြန်လည် ဆုတ်ခွာပေးလိုက်ရချိန်မှာတော့ အတူတိုက်ပွဲ ဝင်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တွေနဲ့ တင်းမာမှုတွေလည်း ရှိခဲ့ရပါတယ်။

တရုတ်အနေနဲ့ လက်နက်ကိုင်အင်အားစုများကို တိုက်ရိုက်ဖိအားပေးတာမျိုး မလုပ်ဘဲ ‘ဝ’ ကနေတဆင့် လက်နက်ခဲယမ်းအပါအဝင် တခြားသော ကူညီထောက်ပံ့ပေးမှုတွေကို ပိတ်ပင်ခိုင်းပြီးမှ စေ့စပ်ညှိနှိုင်းရေးကို လုပ်ဆောင်လာတာကို တွေ့ရပါတယ်။

ဒီလို လုပ်ဆောင်တာဟာ တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို တရုတ်ဘက်က အမြန်ဆုံး ပြန်လည်ဖွင့်လှစ်ချင်နေတာကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

Related posts

ရက္ခိုင်မြောက်ပိုင်းနဲ့ ရိုးမတောင်ခြေတွေမှာ ရေကြီးမြေပြိုမှုတွေအတွက် အရေးပေါ် အဆင့်သင့် ပြင်ထားရန်လို

AA သတင်းပေးဆိုကာ လေးမျက်နှာက တောင်သူ ၅ ဦးကို ရွေးတုအစိုးရ ဖမ်းဆီး

ကျောက်ဖြူ စစ်ရှောင်အမျိုးသမီးအတွက် လစဉ်သုံးပစ္စည်းနဲ့ အတွင်းခံများ လိုအပ်

3 Comment

rent yacht montenegro 236 မေ 5, 2026 - 6:07 ညနေ

rent a yacht in Montenegro sailing Montenegro

ua-bay 341 မေ 9, 2026 - 7:53 ညနေ

фільм точка розриву качині історії

Jamesneeks မေ 10, 2026 - 9:35 မနက်

Interested in UFC? ufc 250 anniversary unique mixed martial arts tournament will take place on June 14, 2026, in Washington, D.C., on the South Lawn of the White House. It will be the first professional sporting event in history to be held directly on the grounds of the U.S. presidential residence.

Add Comment