မြေပုံ ရက်ချောင်းရွာမှာ ချောင်းရေတိုက်စားလို့ အိမ် ၁ လုံး ပြိုပါသွား

အာရက္ခတိုင်းမ်စ် (၆ သြဂုတ် ၂၀၂၆)

ရက္ခိုင်ပြည် မြေပုံမြို့နယ် ရက်ချောင်းရွာတွင် မိုးးအဆက်မပြတ် ရွာသွန်းခဲ့လို့ ချောင်းရေတိုက်စားမှုကြောင့် အိမ် ၁ လုံး ပြိုပါသွားတယ်လို့ သိရပါတယ်။

“အိမ်ကတော့ ဟုတ်ပါတယ် အိမ်တစ်လုံး ပြိုကျသွားပါတယ်။ ချောင်းနှခမ်းပါးက ရေကကြမ်းတော့ ပြိုကျသွားပါတယ်” လို့ မြေပုံမြို့နယ်ဒေသခံတစ်ဦးကအာရက္ခတိုင်းမ်စ်ကို ‌ပြောပါတယ်။

မိုးအဆက်မပြတ် ရွားသွန်းမှုကြောင့် တောင်ကျရေကျဆင်းမှု ပြင်းထန်ခဲ့ပြီး မြေပုံမြို့နယ်က ကျေးရွာအချို့မှာ ရေကြီးရေလျံမှုတွေ ဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ရေပြန်ကျနေပြီလို့လည်း သိရပါတယ်။

“မိုးရေကြီးလို့ ရေကြီးတာပါ။ နည်းနည်းပါ။ အခုတော့ ပြန်ကျနေပါပြီ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း ရက္ခိုင်ပြည်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ မြို့နယ် ၈ မြို့နယ်ထက်မနည်း ရေကြီး ရေလျံမှုဒဏ်နဲ့ ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ပျက်စီးမှုတွေလည်း ရှိခဲ့ပါတယ်။

Related posts

ကမ္ဘာ့စစ်ပွဲ လူသတ်ကွင်းနဲ့ ရက္ခိုင်စစ်ပွဲအလွန် လူ့အခွင့်အရေး

မြောက်ဦးကို လေယာဉ် ၈ စီးနဲ့ ဗုံးပတ်ကြဲခဲ့လို့ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

အစိုးရ အပြောင်းအလဲနှင့် ပညာရေး အပြောင်းအလဲဟု ဆိုကြသော်လည်း အမှန်ဆိုလျှင်