အာရက္ခတိုင်းမ်စ် (၂၇ ဒီဇင်ဘာ ၂၀၂၅)
စစ်ကော်မရှင်ဟာ လက်ရှိမှာ တခြားဒေသတွေထက် ရှမ်းမြောက်ဒေသကိုပဲ အဓိက အာရုံစိုက်နေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
တရုတ်အစိုးရဘက်က သူ့အကျိုးစီးပွားအတွက် ရှမ်းမြောက်ကို နယ်စပ်ကုန်သွယ်ရေးတွေ ပြန်ဖွင့်ဖို့အတွက် စိတ်လောနေမှုကို စကမ က အခွင့်ကောင်းယူကာ မြောက်ပိုင်း ၃ ဖွဲ့ သိမ်းပိုက်ရရှိထားတဲ့ မြို့တွေကို ပြန်ပေးဖို့ ဖိအားပေးခိုင်းပြီး လုပ်ဆောင်စေခဲ့တာ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
“သူတို့က ရှမ်းမြောက်ကို အစိုးရက အာရုံစိုက်နေရတဲ့ အကြောင်းအရင်းက ပြန်ပြီးတော့ နယ်စပ်ကုန်သွယ်ရေး ဖွင့်ဖို့အတွက် တရုတ်က စိတ်လောနေတာပေါ့။ အရမ်းလုပ်ချင်နေတယ်။ အဲဒီလို လောနေတဲ့အတွက်ကြောင့်မို့လို့ အဲဒီဟာကို စကစက အခွင့်ကောင်းယူပြီးတော့ အဲဒီလိုဆိုရင် ကျုပ်တို့ကို ဒီနေရာ၊ ဒီဒေသတွေကို ပြန်ပေးဖို့ ခများ ဖိအားပေးပေးပါ၊ အဲဒါမှ ကျနော်တို့ ကုန်သွယ်ရေး လုပ်လို့ရမယ်၊ BRI စီမံကိန်းတွေ ဆက်လုပ်လို့ရမယ်လို့ သူက အဲဒီလို ပြောပုံရတယ်။ ဒါကြောင့် တရုတ်ကလည်း ဟုတ်ပြီ အဲဒါဆိုရင် ကျုပ်တို့ ကူညီပေးမယ်ဆိုပြီးတော့ ပြန်ပေးခိုင်းတာ။ ပေးခိုင်းလိုက်တဲ့အခါကြတော့ မြို့တွေတော့ ပေးလိုက်ပြီ သဘောတူညီချက်အရ။ ဒါပေမယ့် ကြားထဲက နယ်မြေတွေကိုကြတော့ သူတို့က လွှတ်မပေးနိုင်ဘူးဆိုတော့ အဲဒါတွေပါ လွှတ်ပေးပါ။ အဲဒါတွေ မလွှတ်ပေးဘူးဆိုရင် လမ်းကြောင်းက သူတို့ ကြီးစိုးထားသလို ဖြစ်နေတယ်။ စကစ ဘက်က တွေးတာကလည်း အဲဒီလမ်းကြောကို သူတို့ ကြီးစိုးထားလို့ရှိရင် အဲဒီဘက်က ဝင်လာတဲ့ကုန်စည် တွေက သူတို့ကို အခွန်အကောက်ပေးရမှာ။ အခွန်အကောက်ပေးရလို့ရှိရင် အဲဒီအခွန်အကောက်တွေနဲ့ သူတို့က လက်နက်ကိုင်တိုက်ပွဲကို ဆက်ပြီး အသက်ဆက်နိုင်တယ်ပေါ့။ အဲဒါကို စကစ က မလိုချင်ဘူး” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒါကြောင့် လက်ရှိမှာ တခြားဒေသတွေကို စကမ ဘက်က လေကြောင်းနဲ့ ရံဖန်ရံဖန် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိပေမယ့် အဲဒီဒေသတွေထက် သူအဓိက အာရုံစိုက်နေတာဟာ ရှမ်းမြောက်ပဲဖြစ်တာကြောင့် တော်လှန်ရေးတပ်တွေအနေနဲ့ ဒါကို အခွင့်ကောင်းယူသင့်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ဆိုတော့ သူက အဲဒီဘက်ကို အာရုံစိုက်နေတော့ စစ်ကိုင်းတို့ ဘာတို့ဘက်ကို အာရုံမစိုက်နိုင်ဘူး။ ရက္ခိုင်ကို အာရုံ သိပ်မစိုက်နိုင်ဘူး။ အဲဒီတော့ အဲဒီလို အခြေအနေမျိုးမှာ ဒီလက်နက်ကိုင်တော်လှန်ရေးတပ်တွေက အဲဒါကို အခွင့်ကောင်းယူပြီးတော့ သူတို့အားပျော့တဲ့ စကစ အားပျော့တဲ့ဒေသတွေမှာ မြို့သိမ်းတာတွေ၊ စစ်တပ်ခြေမှုန်းတာတွေ ရန်သူခြေမှုန်းတာတွေ အဲဒါမျိုးတွေ လုပ်လာနိုင်တာပေါ့” လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာတော့ တရုတ်ဖိအားကြောင့် လားရှိုးနဲ့ မိုးကုတ်၊ မိုးမိတ်မြို့တွေကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေဘက်က စစ်ကော်မရှင်ကို ပြန်လည် လွှဲပြောင်းပေးအပ်လိုက်ရပါတယ်။
ဒီအခြေအနေကြောင့်ပဲ တိုင်းရင်းသားလက်နက်ကိုင်အချို့နဲ့ တော်လှန်ရေးအင်အားစုတွေအကြား တင်းမာမှုတွေဟာလည်း ရှိခဲ့ကြပါတယ်။
လက်ရှိမှာတော့ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပတော့မှာဖြစ်ပြီး တရုတ်အစိုးရကလည်း အဲဒီရွေးကောက်ပွဲကို ထောက်ခံအားပေးနေတာပါ။
1 Comment
Снятие запоя – это не только прекращение приема спиртных напитков, но и целый комплекс мероприятий, включающий очищение и восстановление организма, а также нормализацию общего состояния больного. В современных условиях наркологическая клиника может предложить вывод из запоя на дому, лечение запоя в стационаре, капельницу, детоксикацию, медикаментозный курс, психологическую помощь, кодирование, реабилитацию и дальнейшее сопровождение семьи. Такой подход позволяет не просто вывести человека из тяжелого периода, а определить причины зависимости, подобрать индивидуально эффективное лечение и снизить вероятность повторного срыва.
Получить дополнительные сведения – вывод из запоя с выездом анапа