တလအတွင်း ရက္ခိုင်တွင် လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်ခန့် ဖြစ်ပွားခဲ့

အာရက္ခတိုင်းမ်စ် (၆ ဇန်နဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ် ပြုလုပ်ခဲ့တယ်လို့ Myanmar Defense & Security Institute (MDSI) က ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွေဟာ မြောက်ဦး၊ သံတွဲ နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ အဓိက တိုက်ခိုက်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းမှာ အကြိမ် ၅၀ ခန့်၊ မကွေးတိုင်းမှာ ၂၂ကြိမ်ခန့်၊ ပဲခူးတိုင်းမှာ ၁၁ ကြိမ်ခန့်၊ မန္တလေးတိုင်းမှာ ၁၀ ကြိမ်ခန့်၊ ဧရာဝတီတိုင်းမှာ လေးကြိမ်ခန့်၊ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်မှာ နှစ်ကြိမ်ခန့်စီ၊ ကရင်နီ (ကယား) ပြည်နယ် နဲ့ ကရင်ပြည်နယ်မှာ တကြိမ်ခန့်စီ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လေကြောင်းတိုက်ခိုက်မှု‌တွေကြောင့် သက်ကြီးရွယ်အို၊ ကလေးသူငယ်များ အပါအဝင် ၁၇၆ ဦး သေဆုံးခဲ့ပြီး ၃၂၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရက္ခိုင်ပြည် နဲ့ စစ်ကိုင်းတို့က သေဆုံးထိခိုက်မှု အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်က ဒီဇင်ဘာလအတွင်း လေကြောင်းတိုက်ခိုက်မှု အများစုကို Jet Fighter၊ Paramotor၊ Gyrocopter နဲ့ Y-12 များ အသုံးပြုကာ တိုက်ခိုက်မှု ၇၃ ရာခိုင်နှုန်းခန့်ကို နေ့အချိန်မှာ ပြုလုပ်ခဲ့ပြီး ၂၇ ရာခိုင်နှုန်းခန့်ကိုတော့ ညဘက်မှာ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ MDSI က ထုတ်ပြန်ထားပါတယ်။

လေကြောင်းတိုက်ခိုက်တဲ့အခါမှာလည်း အများပြည်သူနေရာတွေဖြစ်တဲ့ လူနေကျေးရွာ၊ စာသင်‌ကျောင်း၊ ဘုန်းကြီးကျောင်း၊ ကျန်းမာရေးအဆောက်အအုံတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကိုပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

Related posts

AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ စစ်ကိုင်းမှာ စစ်ယာဉ်တန်းကို တိုက်ခိုက်၊ လက်နက်ခဲယမ်းများ ရရှိ

သူနာပြုများရဲ့ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ပံ့ပိုးသွားမည်

KIA ကိုသာထိန်းနိုင်ရင် AA ဟာ ထည့်တွက်စရာမလို‌လို့ ရွေးတု ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေပြော