AA က စစ်မျက်နှာ ၅ ခုတွင် စကမကို အရှိန်မြှင့်တိုက်ခိုက်နေ

အာရက္ခတိုင်းမ်စ် (၇ ဇန်နဝါရီ ၂၀၂၆)

အာရက္ခတပ်တော်အနေနဲ့ စစ်မျက်နှာ ၅ ခု ကနေပြီး စစ်ကော်မရှင်ကို အရှိန်မြှင့် တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲမှာလည်း ပြင်းထန်နေတယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည်က စစ်တွေနဲ့ ကျောက်ဖြူမြို့၊ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းထဲက ရက္ခိုင်ပြည် နယ်စပ်ဒေသ ၃ခုမှာ တိုက်ပွဲတွေ ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။

၆၆၆ ပွိုင့်ကုန်းဟာ ပန်းတောင်းမြို့နယ်၊ပုဂံဂွေ့ (ပန်းကန်ကွဲ) ရွာတောင်ဘက်၊ ၉ ကီလိုမီတာအကွာမှာ ရှိပြီး ပြီးခဲ့တဲ့အောက်တိုဘာလမှာ AAနဲ့ မဟာမိတ်တွေက သိမ်းယူထားတာလည်း ဖြစ်ပါတယ်။

ရက္ခိုင်ပြည်နဲ့ ပဲခူးတိုင်းအစပ်ဖြစ်တဲ့ပန်းတောင်းမြို့နယ်ထဲမှာ ဇန်နဝါရီလ၄ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၀) စကခမှူးဗိုလ်မှူးကြီးဟန်လင်းအောင် သေဆုံးသွားတယ်လို့လည်း သိရပါတယ်။

ဗိုလ်မှူးကြီးဟန်လင်းအောင်ဟာ စစ်တက္ကသိုလ် (DSA) အပါတ်စဥ် ၄၃ ​ကျောင်းဆင်း ဖြစ်ပြီး စကခ (၁၀) တပ်မမှူးလည်း ဖြစ်ပါတယ်။

အလားတူ ရက္ခိုင်ပြည်နဲဲ့ မကွေးတိုင်းနယ်စပ်ဖြစ်တဲ့ အမ်း-ပဒါန်းလမ်းပိုင်းအနီးက နတ်ရေကန်ဗျူဟာကုန်းအနီးမှာလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။

ထို့နောက် ရက္ခိုင်ပြည်နဲ့ ဧရာဝတီတိုင်းနယ်စပ်ဖြစ်တဲ့ လေးမျက်နှာမြို့နယ်၊ သာပေါင်းမြို့နယ်ဘက်မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး လေးမျက်နှာမြို့နယ်အတွင်းမှာ ဇန်နဝါရီ ၆ ရက်တွင် တိုက်ပွဲအပြင်းအထန် ဖြစ်​နေပြီး စစ်ကော်မရှင်ရဲ့လက်နက်ကြီး ပစ်ခတ်သံတွေကို အနီးပတ်ဝန်းကျင်မြို့တွေကနေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ရက္ခိုင်ပြည်အတွင်းက ကျောက်ဖြူနဲ့ စစ်တွေမြို့တွေမှာလည်း စစ်ရေးအရှိန် မြှင့်တင်နေတယ်လို့ သိရပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ရဲ့လေကြောင်းအန္တရာယ်၊ လက်နက်ကြီးအန္တရာယ်နဲ့ ပင်လယ်ပြင်ရှိ ရေတပ်သင်္ဘောတွေကနေ ပစ်ခတ်မှုတွေကို သတိပြုကြဖို့ AA က သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Related posts

AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေ စစ်ကိုင်းမှာ စစ်ယာဉ်တန်းကို တိုက်ခိုက်၊ လက်နက်ခဲယမ်းများ ရရှိ

သူနာပြုများရဲ့ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရန် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ပံ့ပိုးသွားမည်

KIA ကိုသာထိန်းနိုင်ရင် AA ဟာ ထည့်တွက်စရာမလို‌လို့ ရွေးတု ကိုယ်စားလှယ် ဒေါက်တာကျော်ဆွေပြော

2 Comment

rent yacht montenegro 321 မေ 5, 2026 - 5:39 ညနေ

yacht rental Montenegro https://rent-a-yacht-montenegro.com

remont stiralnih mashin_mqSa မေ 10, 2026 - 5:19 မနက်

машина стиральная ремонт ремонт машины стиральной

Add Comment