ကပစ-၁၆ ကို AA က လက်နက်ကြီးများဖြင့် ပစ်ခတ်၊ စက်ရုံရဲ့ အဓိကနေရာများ ထိမှန်

အာရက္ခတိုင်းမ်စ် (၅ မတ်၂၀၂၆)

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခတ်ခဲ့လို့ စက်ရုံရဲ့ အဓိကနေရာ ၃ နေရာကို ထိမှန်ခဲ့တယ်လို့ ကနဦး သိရပါတယ်။

“ တပ်တော်နဲ့ မဟာမိတ်တွေက ဒီလ ၁ ရက်နေ့တည်းက စက်ရုံဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာ။ စက်ရုံရဲ့ အဓိကနေရာ ၃ နေရာကို လက်နက်ကျည် ၆ လုံးလောက် ကျရောက်ပေါက်ကွဲခဲ့တယ်လို့တော့ သိထားတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံကို နေပြည်တော်စစ်ရုံးကနေ ကုန်ထုတ်လုပ်မှု ရပ်ခိုင်းလိုက်ပြီး အသေခံ ခုခံတိုက်ခိုက်ရန် စစ်စခန်းအဖြစ် ပြင်ဆင်ခိုင်းထားတာလည်း ဖြစ်ပါတယ်။

ကပစ ၁၆ ထဲ လက်နက်ကျရောက်ပေါက်ကွဲခဲ့လို့ စက်ရုံမှူးဖြစ်သူ ရုရှားပြန် ဗိုလ်မှူးကြီး အောင်မြင့်ထွန်းက စက်ရုံအနီးရှိ မသုန်ကျေးရွာသားများကို ညဘက်တွင် မီး “ လုံးဝ” အသုံးမပြုရန် ညွှန်ကြားထားတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

ကပစ ၁၆ အနီးတွင် ကာကင်းစခန်းတွေဖြစ်တဲ့ ပွိုင့် (၃၅၃)၊ ပွိုင့် (၂၈၈) နဲ့ ပွိုင့် (၅၀၆) စခန်းကုန်းတို့ ကျန်ရှိနေတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်ရဲ့ ကပစ ၁၆ ဟာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး လက်အောက်ခံ ကပစ တွေထဲက တခုဖြစ်ပြီး စစ်ဗျူဟာအရ အရေးပါတဲ့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးစက်ရုံ တခုလည်း ဖြစ်ပါတယ်။

အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ရဲ့ ထိုးစစ်ဟာ ပန်းတောင်းမြို့နယ်ရှိ ကပစ ၁၆ ကို လက်နက်ကြီးနဲ့ လှမ်းပစ်နိုင်တဲ့အထိ နီးကပ်လာနေတာလည်း ဖြစ်ပါတယ်။

Related posts

နတ်ရေကန်တွင် ပိတ်မိနေတဲ့ စကမ တပ်သားတွေဟာ တောကြက်မနဲ့ တူနေ

တပတ်အတွင်း ရက္ခိုင်က မြို့ ၃ မြို့ ကို စကမ ဗုံးကြဲ၊ သံဃာအပါအဝင် ပြည်သူ ၁၄ ဦး ဒဏ်ရာရ ၁ ဦး သေဆုံး

ပုဏ္ဏားကျွန်းကို လေယာဉ် ၅ စီးနဲ့ ဗုံး ၁၀ လုံး ကြဲချ

7 Comment

http://madk-auto.ru/ ဧပြီ 14, 2026 - 12:29 ညနေ

References:

Online Casino Deutschland Echtgeld

References:
https://sciencebookmark.top/item/483893

medibang.com ဧပြီ 15, 2026 - 8:08 ညနေ

References:

Downstream casino joplin mo

References:
https://notes.io/evZYP

www.investagrams.com ဧပြီ 15, 2026 - 9:19 ညနေ

References:

Test eq cycle results

References:
https://peatix.com/user/29377396/view

https://kure-hermansen.federatedjournals.com/ ဧပြီ 16, 2026 - 1:56 မနက်

References:

Hippodrome casino

References:
https://code.antopie.org/mondaygreen69

code.antopie.org ဧပြီ 16, 2026 - 3:44 မနက်

References:

When did steroids become popular

References:
https://hackmd.okfn.de/s/Sye4YyHp3-e

MichaelKip ဧပြီ 16, 2026 - 8:57 ညနေ

Эта статья предлагает уникальную подборку занимательных фактов и необычных историй, которые вы, возможно, не знали. Мы постараемся вдохновить ваше воображение и разнообразить ваш кругозор, погружая вас в мир, полный интересных открытий. Читайте и открывайте для себя новое!
Получить дополнительные сведения – https://vivod-iz-zapoya-2.ru/

https://playmakerbrasil.com.br/noticia-atropelamento-com-vitimas-em-nova-iorque-durant-irving-e-companhia-passam-por-cima-dos-bucks/ ဧပြီ 17, 2026 - 5:42 မနက်

References:

Anabolic steroids for weight loss

References:
https://www.panoramadelpacifico.com/quitan-a-la-cnte-del-monumento-a-la-revolucion/

Add Comment