ကပစ ၁၆ ကို စစ်ကူပို့တဲ့ စစ်သား အများအပြား ထွက်ပြေး၊ AA ဆီ လက်နက်ချ အလင်းဝင်

အာရက္ခတိုင်းမ်စ် (၇ မတ် ၂၀၂၆)

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံကို စစ်ကူပို့တဲ့ စစ်သား အများအပြား ထွက်ပြေးနေကြပြီး အာရက္ခတပ်တော်ထံ လက်နက်ချ အလင်းဝင်နေကြတယ်လို့ သိရပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ စစ်ကော်မရှင်ဟာ ပန်းတောင်းမြို့နယ် ကျောက်ဖူးကျေးရွာ ကပစ ၉ နဲ့ ညောင်ခြေထောက်က တပ်ဖွဲ့ဝင်တွေကို အင်အားဖြည့်ဖို့ ပို့ဆောင်စဉ် ထွက်ပြေးကြတာလည်း ဖြစ်ပါတယ်။

“ ကျောက်ဖူးမှာရှိတဲ့ ကပစ ၉ က စစ်သားတွေကို အင်အားဖြည့်ပြီးတော့ လွှတ်ပြီးတော့ ခံစစ်ပြင်တယ်။ ပြီးရင် ညောင်ခြေထောက်ဘက်က ထုတ်လုပ်ရေးစစ်သည်တွေကိုပဲပေါ့နော်။ ကပစ ၁၆ ကို ပို့တုန်း လမ်းမှာပဲ ထွက်ပြေးတယ်။ လွတ်မြောက်သွားတယ်လို့ပဲ သိရတယ်” လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောဆိုထားပါတယ်။

အလားတူ ပန်းတောင်းမြို့နယ် မသုန်ရွာအနီးရှိ ကပစ ၁၆ တိုက်ပွဲနဲ့ ငဖဲမြို့နယ်က နတ်ရေကန်ဗျူဟာကုန်း တိုက်ပွဲကလည်း စစ်သား အများအပြား ထွက်ပြေးနေကြတယ်လို့လည်း သိရပါတယ်။

“ မိထားတဲ့ စစ်သားအများစုက ပစ (ပြည်သူ့စစ်) တွေ။ ထွက်ပြေးလာကြပြီး လက်နက်ချ အလင်းဝင်ကြတာ။ လက်နက်တွေလည်း ပါလာကြတယ်။ လောလောတယ်တော့ သတင်းမထုတ်ပြန်သေးပါဘူး” လို့ ပဲခူတိုင်းတွင် တိုက်ပွဲဖော်ဆောင်နေသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ ကပစ ၁၆ ကို အနီးကပ် တိုက်ခိုက်နေပြီး စစ်ကော်မရှင်ကလည်း အင်အားဖြည့်တင်းပြီး ခုခံ​​နေတာလည်း ဖြစ်ပါတယ်။

Related posts

အာရက္ခပြည်၏သစ်တောကဏ္ဍကို လှမ်းမျှော်ကြည့်ခြင်း

ကပစ ၁၄ ကို ရှော့တိုက်ဒုံးနဲ့ CDF – Asho တိုက်ခိုက်

စစ်သင်္ဘောကနေ တောင်ကုတ်ကို လက်နက်ကြီးနဲ့ လှမ်းပစ်၊ AA က ပြန်ပစ်လို့ ရေလယ်ကို ထွက်ပြေး

8 Comment

MiguelHep ဧပြီ 20, 2026 - 7:20 ညနေ

Очень приятно иметь дело с магазином, где сотрудники действительно разбираются в товаре. Задал несколько вопросов перед покупкой и получил понятные ответы без навязывания. Телефон доставили оперативно, всё было запечатано и без повреждений. Покупка прошла спокойно и уверенно, купить клавиатуру на озон

Georgeskale ဧပြီ 20, 2026 - 10:23 ညနေ
Joshuainjek ဧပြီ 20, 2026 - 11:17 ညနေ
RichardTuh ဧပြီ 21, 2026 - 12:44 မနက်

Испытай удачу и получи шанс на джекпот: help playfortuna com

Louis_bax ဧပြီ 22, 2026 - 9:58 မနက်
Randall_res ဧပြီ 22, 2026 - 11:35 မနက်
Robert_Smilt ဧပြီ 22, 2026 - 8:08 ညနေ
MiguelHep ဧပြီ 23, 2026 - 1:22 ညနေ

Покупка получилась удачной во всех отношениях. Телефон выбрал быстро, менеджер помог уточнить важные моменты и подтвердил наличие. Отправили без затягивания, получил всё в отличном виде. Чувствуется надёжность и внимательное отношение к клиенту, store 77 официальный

Add Comment