သံတွဲကို ၂ ရက်ဆက်တိုက် စစ်ကောင်စီဗုံးကြဲ

အာရက္ခတိုင်းမ်စ် (၁၈ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် သံတွဲမြို့နယ်ကို စစ်ကောင်စီက ၂ ရက် ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ ညနေ ၅ နာရီခွဲခန့်မှာ သံတွဲမြို့နယ် ငပလီမြို့ လင်းသာရပ်ကွက်ကို ဗုံးကြဲခဲ့တယ်လို့ သံတွဲမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိမှုနဲ့ ထိခိုက် ပျက်စီးမှုကိုတော့ အာရက္ခတိုင်းမ်စ်အနေနဲ့ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အလားတူ နိုဝင်ဘာလ ၁၇ ရက် နေ့လယ် ၁၁ နာရီခွဲခန့်မှာ သံတွဲမြို့ပေါ်က GTI ကျောင်းနဲ့ အနီးဝန်းကျင်ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ ၂ ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အနီးက ပြည်သူ ၂ ဦးသေပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်က ဆိုထားပါတယ်။

GTI ကျောင်းဆောင်အချို့နဲ့ အနီးက လူနေအိမ်အချို့လည်း ပျက်စီးခဲ့တယ်လို့လည်း အာရက္ခတပ်တော်က ဆိုထားပါတယ်။

Related posts

ဂွမြို့နယ်ဘက် ဝင်ဖို့ ရွှေသောင်ယံကို စစ်ကောင်စီက အင်အားဖြည့် လက်နက်ကြီးတပ်ဆင်နေ

အဉ္ဇနပူရမြို့မှာ မူးယစ်ဆေးဝါးရောင်းချသူတစ်ဦးကို DLEPS ဖမ်းဆီးရမိ

ညောင်ကျိုးရိုးမပေါ်မှာ AA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲ ပြန်လည်ပြင်းထန်နေ