အာရက္ခတိုင်းမ်စ် (၁၈ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည် ဂွမြို့နယ်နဲ့ ကမ်းရိုးတန်းချင်း ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က စစ်အင်အားတွေ ထပ်မံဖြည့်တင်းနေပြီး နယ်စပ်အနီးက ကျေးရွာတွေနဲ့ ကမ်းခြေတလျှောက်မှာပါ လက်နက်ကြီးတွေ တပ်ဆင် ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဩဂုတ်လအတွင်းက စစ်သင်္ဘော၊ စစ်ကားတွေနဲ့ အင်အား ဖြည့်တင်းထားပြီးနောက် ယခု ရက်ပိုင်းမှာလည်း စစ်ကားတွေ ဆက်တိုက် ဝင်ရောက်လာနေပြီး ကမ်းခြေဘက်ကနေ ပစ်ခတ်သံတွေ ပိုကြားလာနေရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က သူတို့ ခန့်အပ်ထားတဲ့ ရွှေသောင်ယံနဲ့ ချောင်းသာဒေသက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို သီးခြား ဆက်သွယ်ရေးစက်တွေ ထုတ်ပေးထားပြီး သတင်းတွေ စဉ်ဆက်မပြတ် ပို့ခိုင်းနေတယ်လို့ ချောင်းသာဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
AA ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်အတွင်းကို ပြန်ဝင်နိုင်ဖို့ စစ်ကောင်စီတပ်က နေ့စဉ် လေကြောင်းက ဗုံးကြဲ တိုက်ခိုက်နေပြီး ကုန်းလမ်း၊ ရေလမ်း နှစ်သွယ်စလုံးကနေ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
ဒါကြောင့် ရက္ခိုင်-ဧရာဝတီအစပ်ဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားလျက် ရှိတယ်လို့ သိရပါတယ်။