အာရက္ခတိုင်းမ်စ် (၂ ဧပြီ ၂၀၂၆)
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ CRPH အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့တို့ ပါဝင် ဖွဲ့စည်းထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF မှာ အာရက္ခတပ်တော် AA မပါဝင်တာကို တွေ့ရပါတယ်။
စစ်ကော်မရှင်က တပ်တွင်း လူပုဂ္ဂိုလ် အပြောင်းအလဲနဲ့ အစိုးရ အပြောင်းအလဲတွေ ပြုလုပ်နေချိန် ဖြစ်တာကြောင့် NUG အနေနဲ့လည်း အဲဒီကောင်စီကို အလောတကြီး ဖွဲ့စည်းပြလိုက်တယ်လို့ ယူဆပြီး AA ကို ဖိတ်ဖို့ အစီအစဉ် မရှိတာ ဖြစ်နိုင်သလို AA က မြို့သိမ်းတိုက်ပွဲတွေကြောင့် အလုပ်များနေတဲ့အတွက် မပါဝင်တာလည်း ဖြစ်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“AA အလုပ်များနေတယ်။ AA အရမ်း အလုပ်များနေတယ်။ စစ်တွေမြို့သိမ်းတိုက်ပွဲအတွက် အရမ်း အရေးကြီးနေတယ်။ ဒါကြောင့် မပါတာပါ။ ဖိတ်ခေါ်ချိန် မရဘူးလေ။ ဖိတ်ဖို့ အစီအစဉ်လည်း ရှိပုံ မရပါဘူး။ ဘာလို့လဲဆိုတော့ ဒါက နဂိုကတည်းက K3C ကို နည်းနည်းပါးပါးလောက် ပြုပြင်ပြီးတော့ စစ်တပ်က လုပ်နေတာတွေကို ကိုယ်ကလည်း ဒီလို ရှိပါတယ် ဆိုပြီးတော့ ကဗျာကသီ ထလုပ်ရတာဆိုတော့ ကျယ်ကျယ်ပြန့်ပြန့်လည်း မလုပ်နိုင်ဘူး ထင်ပါတယ်။ ဖုတ်ပူမီးတိုက် လုပ်ရတဲ့ မဟာမိတ် လုပ်ရတာကို။ ဘာလို့ဆို ဒီဘက်က စစ်တပ်က လွှတ်တော်ကြီးတွေခေါ်၊ တပ်ချုပ်တွေပြောင်း အပြောင်းအလဲတွေ အများကြီး လုပ်နေတဲ့အချိန်မှာ NUG က ငုတ်တုတ်ခံနေလို့ မရဘူးလေ။ ငါတို့လည်း လုပ်တယ်။ ငါတို့ကလည်း ဒါမျိုးတွေ တန်ပြန် လုပ်နိုင်ပါတယ်ဆိုတာ ပြဖို့အတွက် သူက အခုမှ ဖုတ်ပူမီးတိုက်နဲ့ ထလုပ်ရတော့ ကျယ်ကျယ်ပြန့်ပြန့်လည်း မခေါ်နိုင်ပါဘူး။ အရင် K3C ကိုပဲ နည်းနည်း မွန်းမံ ပြုပြင်လိုက်တဲ့ သဘောပါပဲ သိပ် ထူးထူးခြားခြား မရှိပါဘူး” လို့ သူက ပြောပါတယ်။
အာဏာရှင်စနစ်ကို အမြစ်ပြတ်ဖယ်ရှားဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ SCEF ကို ဖွဲ့စည်းလိုက်တယ်လို့ မတ်လ ၃၀ ရက်မှာ အသိပေး ကြေညာပါတယ်။
အဖွဲ့အစည်းအနေနဲ့ NUG နဲ့ CRPH အပါအဝင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့ ပါဝင်ပါတယ်။
ဒါပေမယ့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက အာရက္ခတပ်တော် AA ၊ ရှမ်းပြည်နယ်က အဖွဲ့တွေ အပါအဝင် မွန်နဲ့ ပအိုဝ်းအဖွဲ့တွေ မပါဝင်ပါဘူး။
စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနဲ့ အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်တွေကို ညှိနှိုင်းဦးဆောင်ပြီး လမ်းညွှန် အကောင်အထည်ဖော်နိုင်ဖို့ မဏ္ဍိုင်သုံးရပ်ကို အခြေခံပြီး ဦးဆောင်ကောင်စီကို တရားဝင် ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
ဒီကောင်စီဟာ စစ်ကော်မရှင်ကို တန်ပြန်ချင်လို့သာ ဖွဲ့စည်းလိုက်တာဖြစ်ပြီး NUG မှာ ဘာအစီအစဉ်မှ မရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ပြောတိုင်း ဖြစ်တာမဟုတ်ဘူး။ ဒီလိုပဲ ခဏခဏ ဖွဲ့နေတာပဲ။ ဟိုလို ပြောလိုက်၊ ဒီလို ပြောလိုက်၊ ဘယ်နှစ်ခုနှစ်မှာ အပြီးတိုက်မယ် ပြောလိုက်။ ဘာမှ ဖြစ်တာလည်း မဟုတ်ဘူးလေ။ တန်ပြန်ချင်လို့သာ စစ်တပ်က လုပ်နေတာ သူတို့က ငုတ်တုတ်ခံနေတယ် ဆိုပြီးတော့ တန်ပြန်ချင်လို့သာ ထပြီး ကဗျာကသီ လုပ်ရတာကို။ ဘာမှ အစီအစဉ် မရှိပါဘူး။ အစီအစဉ် ရှိတယ်လို့လည်း မကြားမိပါဘူး” လို့ သူက ပြောပါတယ်။
ကောင်စီကို ဖွဲ့စည်းတာဟာ တော်လှန်ရေးကို အရှိန်မြှင့်ပြီး အမြန်ဆုံး အောင်ပွဲရယူနိုင်ရေးနဲ့ အသွင် ကူးပြောင်းရေး အစိုးရတရပ် အောင်မြင်စွာ ဖွဲ့စည်းနိုင်ဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်ထားတာပါ။
ဦးဆောင်ကောင်စီရဲ့ မျှော်မှန်းချက်နဲ့ မဟာဗျူဟာ ရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ် အပါအဝင် ဘယ်အာဏာရှင်စနစ်ကိုမဆို မဖြစ်မနေ အမြစ်ပြတ် ဖယ်ရှားပစ်ဖို့ နိုင်ငံရေး အခင်းအကျင်းအသစ် တခုကို စတင်လိုက်တာလို့ ဆိုပါတယ်။
ရည်မှန်းချက်တွေ အောင်မြင်အောင် အကောင်အထည် ဖော်နိုင်ဖို့ နိုင်ငံရေးဦးတည်ချက် ၆ ရပ်ကို ခိုင်မာစွာ ချမှတ်ထားပြီး စစ်အာဏာသိမ်းမှုကို ဖယ်ရှားကာ စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေမှုကို အပြီးတိုင် အဆုံးသတ်ဖို့ ဖြစ်ကြောင်း သိရပါတယ်။
4 Comment
References:
G casino manchester https://jobschoose.com/employer/casino-bonus-ohne-einzahlung-2026-in-deutschland-beste-angebote
References:
Konocti vista casino https://working.altervista.org/employer/bonus-3000-300-fs/
References:
Aladdins gold casino http://maps.google.ws/url?q=https://milegajob.com/companies/die-8-besten-online-casinos-deutschlands-2026-im-vergleich
В такой ситуации можно вызвать нарколога домой либо записаться в центр. По телефону сотрудник задаст несколько уточняющих вопросов, расскажите ему о длительности запоя, примерном количестве выпитого, возрасте человека и наличии хронических заболеваний. Эта информация помогает заранее определить, подходит ли помощь на дому или безопаснее проводить лечение в клинике.
Изучить вопрос подробнее – наркологическая клиника нарколог