လေးမျက်နှာတွင် စစ်ရေးရှုံးနိမ့်လာလို့ ကွင်းကောက်က စစ်သင်တန်းကျောင်းကို ခံစစ်စခန်းပုံစံ ပြင်ဆင်နေ

အာရက္ခတိုင်းမ်စ် (၂၄ ဧပြီ ၂၀၂၆)

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်မှာ အာရက္ခတပ်‌တော်နဲ့ စစ်ကော်မရှင်တပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်က စစ်ရေးအရ ရှုံးနိမ့်လာလို့ ကွင်းကောက်ရှိ စစ်သင်တန်းကျောင်းကို ခံစစ်စခန်းပုံဆင် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“စစ်တပ်က တပ်သားသစ်တွေနဲ့ လေးမျက်နှာမှာ စစ်ကြောင်းတွေထိုးတယ်။ လေကြောင်းကနေလည်း ပစ်ကူတွေပေးတယ်။ အဖြစ်များနေတာကတော့ စက်စက်ယိုတို့ ရှမ်းကွင်းတို့ အဲနေရာတွေမှာ တော်တော်ပြင်းထန်နေတယ်။ စစ်တပ်က ထိုးလိုက် လန်ပြီး ပြန်ဆုတ်လိုက်နဲ့ ရှေ့တိုးမရ ဖြစ်နေတာ” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ကော်မရှင်က အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ လေးမျက်နှာမြို့နယ်က နယ်မြေတွေကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ) လက်အောက်ခံတပ်ရင်းများနဲ့ ကျုံပျော်အခြေစိုက် ခလရ ၃၆ မှ တပ်သားများ စုစည်းက စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။

စစ်ကော်မရှင်က ကုန်းကြောင်းကနေ စစ်ကြောင်းထိုးနေသလို့ လေကြောင်းကနေလည်း လေးမျက်နှာမြို့နယ်ရှိ စက်စက်ယို၊ ရှမ်းကွင်း နဲ့ ပန်းတောကြီး စတဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

“တပ်ချုပ်အသစ်က အခု ကွင်းကောက်မှာရှိတဲ့ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက-၅) ကို သင်တန်းကျောင်းကနေ ခံစစ်စခန်းအဖြစ် ပြောင်းလဲ အင်အားဖြည့်ထားဖို့ ခိုင်းထားတယ်လို့ ကြားတယ်။ သင်တန်းကျောင်းထဲကို ဒီရက်ပိုင်း စစ်ကားတွေ အဝင်အထွက် တော်တော်စိပ်နေတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။

ကွင်းကောက်မြို့ဟာ ပုသိမ်-မုံရွာကားလမ်းမပေါ်တွင်တည်ရှိပြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်က မြို့နယ်ခွဲ မြို့တမြို့လည်း ဖြစ်ပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ လေးမျက်နှာမြို့နယ်ဟာ ရေကြည်၊ မြန်အောင်၊ ဇလွန် နဲ့ ဟင်္သာတ စတဲ့ မြို့နယ်တွေနဲ့ နယ်နမိတ်ချင်း ထိစပ်နေတာလည်း ဖြစ်ပါတယ်။

လေးမျက်နှာတိုက်ပွဲတွင် စစ်ကော်မရှင်ရဲ့ တပ်မ ၆၆ လက်အောက်ခံတပ်ရင်း ခမရ ၄၊ ၅၊ ၆၊ ၁၀၊ ခလရ ၃၅၊ ၈၀၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း ခလရ ၆၃ နဲ့ ၂၇၁ တို့ ပါဝင် တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။

Related posts

ဂွမြို့နယ်က ဆေးကုသစရိတ် မတတ်နိုင်တဲ့ ၈တန်းကျောင်းသားအတွက် အကူညီလိုအပ်နေ

စက်ဘီးဝယ်ပြီးအပြန် ကားတိုက်လို့ ထိုင်းတွင် ရက္ခိုင်လူမျိုး ခမီအမျိုးသမီးတစ်ဦးသေဆုံး

မင်းတုန်းတိုက်ပွဲတွင် ရွေးတုတပ်က ဒုဗိုလ်မှူးကြီး ၂ ဦး သေဆုံးလို့ သတင်းထွက်ပေါ်

2 Comment

Gregoryicora စက်တင်ဘာ 4, 2026 - 12:16 မနက်

При домашнем формате мы сразу закладываем «мостик» к стационару: в случае ухудшения состояния перевод происходит бесшовно, по заранее оговорённым критериям. Пациент и семья знают, какие маркеры считаются целевыми (переносимость воды, ровный вечерний пульс, время до засыпания, число пробуждений), и когда состоится повторная оценка. Прозрачность снимает суету и укрепляет приверженность плану.
Получить больше информации – https://kapelnicza-ot-zapoya-murmansk15.ru/kapelnicza-ot-pokhmelya-murmansk/

HenryJip စက်တင်ဘာ 9, 2026 - 4:02 မနက်

Наркологическая клиника «Мед Алко» в Москве — медицинский центр, в котором лечение алкогольной и наркотической зависимости выстраивается с учетом физического и психологического состояния человека. Когда употребление алкоголя или наркотиков становится регулярным, страдает здоровье, меняется поведение, возникают проблемы в семье и социальной жизни, человеку необходима профессиональная помощь. Наркологическая помощь может включать детоксикацию, вывод из запоя, снятие проявлений ломки, медикаментозное лечение, консультацию психиатра, работу психолога и психотерапевта, кодирование, амбулаторное наблюдение и реабилитацию. Конкретная программа лечения подбирается индивидуально после диагностики и оценки медицинских данных.
Подробнее – gosudarstvennaya-narkologicheskaya-klinika-moskva

Add Comment