အာရက္ခပြည်သူ့ကျန်းမာရေးဌာနက စစ်ရှောင်များကို မျက်စိအခမဲ့ ကုသပေးနေ

အာရက္ခတိုင်းမ်စ် (၃ မေ ၂၀၂၆)

ရက္ခိုင်ပြည် လွတ်မြောက်နယ်မြေတွေမှာ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဧပြီလ ပထမအပတ်တွင် စစ်ဘေးရှောင်ပြည်သူတွေထဲက မျက်စိဝေဒနာရှင်တွေကို အခမဲ့ မျက်စိခွဲစိတ် ကုသပေးခဲ့တယ်လို့ သိရပါတယ်။

“လာရောက်ပြီးတော့ ပြသတာတော့ ၂၀၀ ကျော်လောက် ရှိတယ်။ အဲဒီထဲကမှ တကယ် ခွဲစိတ်ကုသဖို့ လိုအပ်နေတဲ့ ၂၇ ဦးကို အခမဲ့ ခွဲစိတ်ကုသပေးခဲ့တယ်” လို့ အာရက္ခပြည်သူ့ကျန်းမာရေးဌာန တာဝန်ရှိသူတဦးက ဆိုပါတယ်။

အဆိုပါ မျက်စိခွဲစိတ် ကုသပေးရာတွင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကု ကျစရိတ်တွေ အားလုံးကို အခမဲ့ ပြုလုပ်ပေးခဲ့တာလို့လည်း သိရပါတယ်။

အာရက္ခပြည်သူ့ကျန်းမာရေးဌာနအနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို မျက်စိ အခမဲ့ ခွဲစိတ်ကုသပေးခြင်း၊ နယ်လှည့် ဆေးကုသပေးခြင်းနဲ့ ကလေးသူငယ်တွေကို ကာကွယ်ဆေးထိုးခြင်းများ ဆက်တိုက်ပြုလုပ်ပေးနေတယ်လို့လည်း သိရပါတယ်။

ဖေဖော်ဝါရီလကလည်း ရက္ခိုင်ပြည် စစ်တွေခရိုင်အတွင်း ရွာပေါင်း (၁၄) ရွာက ဒေသခံနဲ့ စစ်ရှောင်များ အပါအဝင် ဒေသခံပြည်သူ ၅၀၀ ခန့်ကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက နယ်လှည့်ပြီး အခမဲ့ ဆေးကုသပေးခဲ့ပါတယ်။

အလားတူ ရက္ခိုင်ပြည် တောင်ကုတ်ခရိုင်အတွင်ရှိ ဒေသခံပြည်သူတွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာန၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) တို့ ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၈ ရက်က စတင်ကာ နယ်လှည့်ကွင်းဆင်းပြီး အခမဲ့ဆေးကုသပေးပြီး ခြင်ထောင်များ ထောက်ပံ့ကူညီပေးခဲ့တယ်လို့လည်း သိရပါတယ်။

Photo – Narinjara

Related posts

AA က ရွေးတုတပ်ရဲ့ ကာကင်းနဲ့ ခြေကုတ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက်နေ

ပြည်ပရောက်ညီနောင်ပရဟိတအသင်းများရဲ့ ၇ ကြိမ်မြောက် အလှူငွေကို HDCO ကတဆင့် လှူဒါန်း

သံတွဲကို ရွေးတုတပ် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲ၊ ပြည်သူတစ်ဦး ဒဏ်ရာရ