AA ထောက်ပို့ဆိုပြီး အမတ ၃၆၈ က တပ်ရင်းမှူးကို စစ်လော်ဘီတွေ အရေးယူခိုင်းနေ

အာရက္ခတိုင်းမ်စ် (၉ မေ ၂၀၂၆)

အာရက္ခတပ်တော်နဲ့ PDF တွေကို ထောက်ပို့လုပ်ပေးနေတယ်ဆိုပြီး မကွေးတိုင်း ဂန့်ဂေါ်ခရိုင် ဆောမြို့နယ် ကျောက်ထု အမတ ၃၆၈ အမြောက်တပ်ရင်းက တပ်ရင်းမှူးကို အရေးယူပေးရန် စစ်လော်ဘီတွေ တောင်းဆိုနေတယ်လို့ သိရပါတယ်။

“ AA ထောက်ပို့၊ ပဒတ်ထောက်ပို့ကို အရေးယူမယ်ဆိုရင် အမှတ် (၃၆၈) အမြောက်တပ်ရင်း တပ်ရင်းမှူးကို အရေးယူရမှာပါ။ AA ထောက်ပို့ပစ္စည်းများ စလင်း၊ ပခုက္ကူ၊ မြစ်ခြေ စတဲ့ မြို့များကနေ ပစ္စည်းမျိုးစုံ၊ ဆေးဝါးသယ်ယူပို့ဆောင်ရာမှာ လမ်းရှိ တပ်မတော်/ရဲဂိတ်များ လွတ်မြောက်စေရန် ထောက်ခံချက် ၁ စောင် ၁၀ သိန်း၊ စက်သုံးဆီနဲ့ ဆေးဝါးများဆိုလျှင် ၁၅% ၊ ၂၀% တို့နဲ့ သယ်ဆောင်ခွင့်လက်မှတ် ထုတ်ပေးပြီး လမ်းရှိဂိတ်များကို ကိုယ်တိုင်ဖုန်းဆက် ဆက်သွယ်ပြီး တပ်ပစ္စည်းပါ၊ ရိက္ခာပါဆိုတဲ့ပုံနဲ့ ထောက်ပို့လုပ်နေလို့ပါ” စစ်လော်ဘီတွေက ဆိုပါတယ်။

အဆိုပါ ဖြစ်စဉ်ဟာ မင်းတပ်တိုက်ပွဲနဲ့ ဆင်တူနေပြီး မင်းတပ်တိုက်ပွဲတွင် စစ်ကော်မရှင်ရဲ့ ဗျူဟာမှူးက လေယာဉ်ပစ်မှတ် အမှားပေး ခဲယမ်းထိန်းချုပ်သလိုလိုလုပ်ပြီး CDF နဲ့ ဆက်သွယ်ကာ အလင်းဝင်သွားသလို၊ ပူးပေါင်းသွားလို့ မင်းတပ်မြို့ ဆုံးရှုးခဲ့ရပါပြီးပြီလို့လည်း ဆိုပါတယ်။

“ လက်ရှိမှာလည်း ကျောက်ထုလေယာဉ်ကွင်းကို ရန်သူ (အာရက္ခတပ်တော်) တိုက်မယ့်အချိန်မှာ ပဒတ်ထောက်ပို့ AA ထောက်ပို့ကို စစ်အာဏာပေးထားလို့ကတော့ ငယ်သားတွေလည်း စိတ်ပျက်၊ ခလရ တပ်ရင်းတွေလည်း အခက်တွေ့နဲ့ တိုက်ပွဲရှုံးမှာ မလွဲပါဘူး” လို့လည်း စစ်လော်ဘီတွေက ဆိုပါတယ်။

လက်ရှိမှာ ကျောက်ထုနယ်ကို စစ်ကော်မရှင်က ပေါက်မြို့နယ်ရှိ ကပစ ၂၄ နဲ့ ဆိပ်ဖြူမြို့နယ်ရှိ ကပစ ၂၂ ကနေ စစ်ကြောင်းနဲ့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

Related posts

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၄ ဦးကို AA ပြန်လွှဲပေး

ကျောက်ထုနယ်မြေကို စကမက စစ်ကြောင်းနှစ်ကြောင်းနဲ့ စစ်ကြောင်းထိုးနိုင်

ကွက်လပ်များကိုဖြည့်စွက်ရန် လမ်းစသစ်များကို မြင်လာခြင်းနဲ့ အတူပူးပေါင်းလုပ်ဆောင်ရန် လိုအပ်ခြင်း (ပထမပိုင်း)