အာရက္ခတိုင်းမ်စ် (၁၇ မေ ၂၀၂၆)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းဌာနချုပ်ကနေ ရမ်းဗြဲမြို့နယ် စနဲဖက်ကို စစ်ကော်မရှင်က စစ်ကြောင်းထိုးနေလို့ အာရက္ခတပ်တော်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။
“ကျောက်ဖြူစစ်မျက်နှာမှာ တောင်မော်ဦးကနေ ရမ်းဗြဲအစပ် စနဲမြို့ကို ဦးတည်လာတဲ့ စစ်ကြောင်းကို အာရက္ခတပ်တော်က ဖြတ်တောက်တိုက်ခိုက်တာ အထိနာပြီး လေကြောင်းနဲ့ ရေကြောင်းကနေ စစ်ကူတွေပေးနေရတယ်” လို့ ကျောက်ဖြူမြို့နယ် စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကော်မရှင်တပ်တွေဟာ တောင်မော်ဦးရေတပ်စခန်းဌာနချုပ်ကနေ စနဲနဲ့ မင်းပြင်ဖက်ကို စစ်ကြောင်းထိုးနေလို့ အဝတောင်၊ မျှော်ချောင်းနဲ့ စံပယ်ချောင်း စတဲ့နေရာတွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
“တောင်မော်ဦးရေတပ်စခန်းနားမှာ ပြီးခဲ့တဲ့ ၂၀၂၄ တုန်းကလည်း တိုက်ပွဲတွေ ဖြစ်ဖူးတယ်။ စစ်တပ်က အထိနာတော့ အဲဒီမှာ ထိုးစစ်မဆင်တာ ကြာနေပြီ။ အခုမှ ပြန်ပြီး သွေးတိုးစမ်းတာနေမယ်။ AA သိမ်းထားတဲ့ မြို့တမြို့လောက် ပြန်ရချင်နေပုံရတယ်။ အဲဒါကြောင့် သူတို့နဲ့ (စစ်ကော်မရှင်) အနီးဆုံးမြို့ဖြစ်တဲ့ စနဲကို ထိုးစစ်ဆင်နေတာ နေမယ်’” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကျောက်ဖြူမြို့နယ်က သိုင်းချောင်း၊ တောင်မော်၊ မျှောချောင်း၊ ထိန်ဒွေ၊ ပြုံးပြဲ၊ အဝတောင် စတဲ့ ကျေးရွာပေါင်း ၁၃ ရွာကျော်က ဒေသခံ ၈၀၀၀ ခန့် အိုးအိမ်စွန့်ခွာပြီး တိုက်ပွဲရှောင်နေကြရတာလည်း ဖြစ်ပါတယ်။
တောင်မော်ဦး ရေတပ်စခန်းအနီး တိုက်ပွဲက ပြီးခဲ့တဲ့ မေလ ပထမအပတ်မှာ စတင်ခဲ့တာဖြစ်ပြီး စစ်ကော်မရှင်တပ်ဘက်က အကျအဆုံး များခဲ့တာကြောင့် လေကြောင်းကနေ ပစ်ကူတဲ့အပြင် စစ်အင်အားနဲ့ လူအင်အားပါ ဆက်တိုက်ဖြည့်တင်းနေတာဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲ ပြင်းထန်နေတာ ဖြစ်ပါတယ်။
3 Comment
В клинике «Основа» применяется комплексный подход к лечению алкогольной интоксикации. Программа включает использование нескольких групп препаратов, каждая из которых решает конкретную задачу в процессе восстановления:
Подробнее – капельница от запоя вызов в новосибирске
Мы не составляем «супер-смеси» «на всякий случай». Капельница — это набор модулей, каждый из которых отвечает за конкретную задачу: гидратация, электролиты, гастропротекция, антиоксидантная поддержка; при показаниях — мягкая анксиолитика. Порядок модулей зависит от ведущего симптом-кластера и времени суток.
Получить больше информации – капельница от запоя анонимно на дому мурманск
Амбулаторная психологическая поддержка.
Получить больше информации – консультант аддиктолог