ဇွန်လတွင် အာရက္ခထီ ၁ စောင် ၁၀၀၀ ကျပ်နဲ့ စတင်ရောင်းချမည်၊ အမြင့်ဆုံးဆု သိန်း ၅၀၀ ချီးမြှင့်မည်

အာရက္ခတိုင်းမ်စ် (၂၃ မေ ၂၀၂၆)

ရက္ခိုင်ပြည်တွင် ၂၀၂၆ ခုနှစ် ဇွန်လမှစတင်ကာ အာရက္ခထီ စတင်ရောင်းချမှာဖြစ်ပြီး ထီ ၁ စောင်လျင် ၁၀၀၀ ကျပ်နဲ့ အမြင့်ဆုံးဆုကို ကျပ်သိန်း ၅၀၀ ချီးမြှင့်မယ်လို့ သိရပါတယ်။

“ ထီလက်မှတ်ရောင်းရငွေရဲ့ ၅၀ ရာခိုင်နှုန်းကို ဆုမဲများအဖြစ် ခွဲဝေပြီး ကျန် ၅၀ ရာခိုင်နှုန်းကို ပြည်သူများရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဖွံ့ဖြိုးရေးအတွက် အသုံးပြုသွားမယ်” လို့ ဗဟိုအကောက်ခွန်နဲ့ အခွန်ဌာန၊ အာရက္ခထီဌာနခွဲက ဆိုပါတယ်။

အာရက္ခထီဆုမဲအနေနဲ့ အမြင့်ဆုံး ကျပ်သိန်း ၅၀၀၊ ကျပ်သိန်း ၃၀၀၊ ကျပ်သိန်း ၁၀၀၊ ကျပ်သိန်း ၅၀၊ ကျပ်သိန်း ၂၀၊ ကျပ် ၁၀ သိန်း စသဖြင့် ဆုမဲပေါင်း ၃၉ ဆု ခွဲဝေပေးသွားမယ်လို့လည်း သိရပါတယ်။

“ ဗမာထီတော့ မထိုးတာ ကြာပါပြီ။ ထိုင်းထီနဲ့ စလုံးထီတော့ တခါတလေ ထိုးဖြစ်တယ်။ အခုတော့ ကိုယ့်ရက္ခိုင်မှာတင် ထီထိုးလို့ ရပြီဆိုတော့ ပိုကောင်းတာပေါ့။ တရားမဝင် ချဲဒိုင်တွေကိုလည်း ဖမ်းဆီးဖို့တော့ လိုတာပေါ့” လို့ သံတွဲမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခထီမှ ရရှိတဲ့ ငွေးကြေးများကို ရက္ခိုင်ပြည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်း၊ တံတားဆောက်လုပ်ခြင်း၊ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ လုပ်ငန်းများကို ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ပြည်သူများအနေနဲ့ အာရက္ခထီလက်မှတ်များကို ပါဝင်ကံစမ်းကြရန် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တိုက်တွန်းထားပါတယ်။

Related posts

ကုရ်ဘာနီနေ့ အထိမ်းအမှတ်အဖြစ် မူဆလင် အကျဉ်းသား အပါအဝင် စစ်သုံ့ပန်းနဲ့ အကျဉ်းသားအချို့ ULA/AA လွတ်ငြိမ်းခွင့်ပေး

နတ်ရေကန်ရဲ့ ခြေကုပ်စခန်းတခု AA သိမ်းပိုက်

ရက္ခိုင်ကို တင်ပို့မယ့် ဘိလပ်မြေအိတ် ၅၀၀ ကို BGB ဖမ်းဆီး