ရက္ခိုင်ကို တင်ပို့မယ့် ဘိလပ်မြေအိတ် ၅၀၀ ကို BGB ဖမ်းဆီး

အာရက္ခတိုင်းမ်စ် (၂၃ မေ ၂၀၂၆)

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရက္ခိုင်ပြည်ကိုတင်ပို့မယ့် ဘိလပ်မြေအိတ် ၅၀၀ ကို ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့က မေလ ၂၂ ရက်တွင် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

​ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင် တက္ကနက်ဖ်မြို့ကနေ ရက္ခိုင်ပြည်ကို တင်သွင်းမယ့် ဘိလပ်မြေအိတ် ၅၀၀ ကို မူဆလင်ကုန်သည် ၈ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ BGB က ထုတ်ပြန်ထားပါတယ်။

​ထုတ်ပြန်ချက်အရ မေလ ၂၁ ရက် ညနေ ၆ နာရီခန့်တွင် BGB တပ်ဖွဲ့ဝင်များဟာ သတင်းပေးချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားခရိုင် တက္ကနက်ဖ်မြို့ စိန့်မာတင်ကျွန်း အနောက်တောင်ဖက် ပင်လယ်ပြင်တွင် ဖမ်းဆီးခဲ့တာလို့လည်း သိရပါတယ်။

“ဘိလပ်မြေအိတ် ၅၀၀ ရဲ့ ခန့်မှန်းတန်ဖိုးဟာ ဘင်္ဂလားဒေ့ရှ်ငွေ တာကာ ၃ သိန်းခွဲခန့် တန်ဖိုးရှိတယ်” လို့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ဖွဲ့ ဒုတိယဗိုလ်မှူးကြီး BN Suman Al Mukit က ပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးထားတဲ့ ငါးဖမ်းစက်လှေ၊ ဘိလပ်မြေအိတ်နဲ့အတူ မူဆလင်ကုန်သည် ၈ ဦးကို အရေးယူနိုင်ရန်အတွက် သက်ဆိုင်ရာရဲစခန်းကို လွှဲပြောင်းပေးထားပြီး ဆက်လက် အမှုဖွင့် ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

အလားတူ ဘင်္ဂလားဒေ့ချ်နိုင်ငံကနေ ရက္ခိုင်ပြည်ကို တင်ပို့မယ့် ဘိလပ်မြေအိတ် ၉၀၀နဲ့ ကုန်သည် ၁၄ ဦးကိုလည်း ဧပြီလ ၂၈ ရက် နေ့လည်က ဘင်္ဂလားဒေ့ချ်ကမ်း​ခြေစောင့်တပ် (BCG) က ဖမ်းဆီးခဲ့ပါတယ်။

ဧပြီလ ၁၉ ရက် ညဖက်ကလည်း ဘင်္ဂလားဒေ့ချ်နိုင်ငံကနေ ရက္ခိုင်ပြည်ကို တင်ပို့မယ့် ဘိလပ်မြေအိတ် ၈၅၀ ကို ဘင်္ဂလားဒေ့ချ်ရေတပ် (နေဗီ) တစီးကနေ ဘုတ်နဲ့ ကုန်ပစ္စည်းများကို ဖမ်းဆီးခဲ့ပါသေးတယ်။

Related posts

AA က ရွေးတုတပ်ရဲ့ ကာကင်းနဲ့ ခြေကုတ်စခန်းတွေကို ဆက်တိုက် သိမ်းပိုက်နေ

ပြည်ပရောက်ညီနောင်ပရဟိတအသင်းများရဲ့ ၇ ကြိမ်မြောက် အလှူငွေကို HDCO ကတဆင့် လှူဒါန်း

သံတွဲကို ရွေးတုတပ် ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲ၊ ပြည်သူတစ်ဦး ဒဏ်ရာရ