နတ်ချောင်းရှိ စာသင်ကျောင်း အမိုးများ ပြုပြင်ရန် အကူညီလိုနေ

အာရက္ခတိုင်းမ်စ် (၃၁ မေလ ၂၀၂၆)

ရက္ခိုင်ပြည် မြောက်ဦးမြို့နယ် နတ်ချောင်းကျေးရွာရှိ စာသင်ကျောင်း အမိုးများ ပြုပြင်ရန်အတွက် အကူညီ လိုအပ်နေလျက် ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဆိုပါ စာသင်ကျောင်းဟာ အခြေခံပညာ အထက်တန်းကျောင်းဖြစ်ပြီး နတ်ချောင်းကျေးရွာအုပ်စုရှိ နတ်ချောင်းရွာဟောင်းကျေးရွာ၊ ဂျင်ချေ (ခမီ) ကျေးရွာ၊ နတ်ချောင်းရွာသစ်ကျေးရွာများက လာရောက် ပညာသင်ယူနေတဲ့ ကျောင်းလည်း ဖြစ်ပါတယ်။

“အထက ဖြစ်နေတာက ၂၀၂၃ ကဖြစ်ပြီး ကျောင်းဆောင်သစ် ၂ ထပ်ကျောင်းဆောင်တခုကို စစ်ကောင်စီလက်ထက်တုန်းက အိန္ဒိယ မြန်မာ ချစ်ကြည်ရေးအလိုငှာ ရှိခဲ့ပေမယ့် တိုက်ပွဲကြောင့် ဖြစ်မလာခဲ့ပါဘူး။‌ ကျောင်းဆောင်ကတော့ မူလတန်းကျောင်းဆောင်တခုနဲ့ ဥပုသ်သင်္ခမ်းတခုမှာ ကျောင်းသားများ ပညာသင်ယူနေတာကြောင့် မူလတန်းကျောင်းဆောင်မှာ မိုခါပြီးနောက် သွပ်နဲ့ သစ်များမှာ အရည်အသွေးမမှီ လုပ်ဆောင်ခဲ့ကြတာကြောင့် မိုးတွေယိုပြီး ကျောင်းဖွင့်ဖို့ အခုအခက်အခဲ ဖြစ်နေတာပါ” လို့ နတ်ချောင်းရွာ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ အထက်တန်းကျောင်းဟာ ၂၀၂၅ – ၂၀၂၆ ခုနှစ် ပညာသင်နှစ်အတွင်း မူလတန်း ကနေ အထက်တန်းအထိ ကျောင်းသားဦးရေ စုစုပေါင်း ၂၃၀ ဦး တက်ရောက်ခဲ့တယ်လို့ အဆိုပါ ဒေသခံက ဆိုပါတယ်။

ကျောင်းဖွင့်ရာသီ ရောက်ပြီဖြစ်တာကြောင့် လတ်တလောမှာတော့ ကျောင်းသားမိဘများထံ အလှူငွေ ကောက်ခံပြီး ကိုယ်ထူကိုယ်ထ ပြုပြင်ရန် ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်က မြို့ ၃ မြို့ကို ရွေးတုတပ် ဂျက် ၄ စီးနဲ့ အကြိမ် ၃၀ ခန့် တိုက်ခိုက်

ပုဏ္ဏားကျွန်းကို ရွေးတုတပ် ဗုံးကြဲနေ(Breaking News)

ဂွကနေ ငပလီကမ်းခြေထိ နေဗီကနေ လက်နက်ကြီးနဲ့ တိုက်ခိုက်နေ(Breaking News)