အာရက္ခတိုင်းမ်စ် (၆ ဇွန် ၂၀၂၆)
မာန်အောင်မြို့ လေယာဥ်ကွင်းမှာ လုံခြုံရေး တာဝန်ချထားတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ဝင်တွေဟာ ဒေသခံပြည်သူတွေရဲ့ အသီးအရွက်နဲ့ ကြက်တွေကို ခွင့်ပြုချက် မတောင်းဘဲ ဖမ်းယူ စားသောက်မှုတွေ ရှိနေတာပါ။
ဒီ လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ စစ်ကော်မရှင်က ပြီးခဲ့တဲ့ ဧပြီလက ရန်ကုန် – မာန်အောင် လေကြောင်းလိုင်း ပြေးဆွဲမှု စတင်တဲ့ နေ့မှာဘဲ လေယာဥ်ကွင်းလုံခြုံရေးအတွက်ဆိုပြီးတော့ တာဝန်ချထားပေးခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီလို လေယာဥ်ကွင်း လုံခြုံရေးအတွက် တာဝန်ချထားပေးတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ဝင်တွေဟာ လေယာဥ်ကွင်းအနီးမှာ ရှိနေတဲ့ ကျေးရွာတွေထဲက ဒေသခံပြည်သူတွေ ပိုင်ဆိုင်တဲ့ အသီးအနှံ စိုက်ခင်းနဲ့ ကြက်တွေကို ခွင့်ပြုချက် မတောင်းဘဲ ဖမ်းယူ စားသောက်မှုတွေ လုပ်လာနေကြတာ ဖြစ်တယ်လို့ လေယာဥ်ကွင်းအနီး ကျေးရွာတရွာရဲ့ ဒေသခံအမျိုးသမီးတဦးက အခုလို ပြောပြပါတယ်။
“လေယာဥ်ကွင်းမှာက စုစုပေါင်း ၁၅ ယောက်လောက် ရှိတယ်။ လေယာဥ်ကျတဲ့နေ့ဆိုရင်တော့ ရဲတွေလည်း ရောက်တာပေါ့။ အရင်တုန်းကတော့ သူတို့ အသီးအရွက်လောက်ကိုဘဲ ခူးစားကြတယ်။ အခုတော့ ကြက်တွေကိုပါ ပစ်စားတဲ့ အခြေအနေတွေကို ရောက်လာတယ်။ ဘယ်သူမှလည်း မပြောရဲကြတော့ ပိုလုပ်လာတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
မာန်အောင် လေယာဥ်ကွင်းအနီးမှာရှိတဲ့ ကျေးရွာတွေကတော့ စမုံတဲကျေးရွာ၊ မြတ်မချောင်ကျေးရွာ၊ ဘုရားကြီးကုန်းကျေးရွာ၊ တန်းဆိပ်ကွင်းကျေးရွာနဲ့ ဟင်းစနဲကျေးရွာတို့ ဖြစ်ကြပါတယ်။
အဲဒီ ကျေးရွာတွေထဲက မြတ်မချောင်ကျေးရွာနဲ့ စမုံတဲကျေးရွာဟာ လေယာဥ်ကွင်းရဲ့ အနီးကပ်ဆုံး နေရာမှာ ရှိနေတာဖြစ်တဲ့အတွက် စစ်ကော်မရှင်တပ်သား တွေရဲ့ ခိုးယူ စားသောက်မှုဒဏ်ကို အများဆုံး ခံနေရတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။
ဒေသခံတဦးက “မြတ်မချောင်နဲ့ စမုံတဲရွာကတော့ အခံရဆုံးပေါ့ လုံခြုံရေးအဖွဲ့တွေက မြတ်မချောင်ရွာဘက်အခြမ်းမှာ နေကြတာ အဲဒီရွာက ရွာချင်းဆက်လည်း ဖြစ်တယ်၊ လေယာဥ်ကွင်းဘေးလည်း ဖြစ်တယ်။ အခုလို ကြက်တွေကို ဖမ်းလာရာကနေ အိမ်ထဲပစ္စည်းတွေပါ ပျောက်လာမှာကိုတော့ စိုးရိမ်နေကြရတာတော့ ရှိတယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လက်ရှိ အသီးအနှံနဲ့ ကြက်တွေကို ပစ်ခတ် ဖမ်းဆီး စားသောက်ခံနေရတဲ့ ကျေးရွာတွေအပါအဝင် မာန်အောင်မြို့နယ်အတွင်းမှာ ရှိနေကြတဲ့ ကျေးရွာအများစုဟာ မိုးရာသီ ဖြစ်တဲ့အတွက် ကျေးရွာအတွင်းက နေအိမ်တွေကို ပစ်ကာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ဖို့အတွက် သွားနေကြရတဲ့ ကျေးရွာတွေ ဖြစ်ကြပါတယ်။
အဲဒါကြောင့် နောက်ပိုင်းမှာ ကြက်အပြင် ကျေးရွာတွင်း လူမရှိတဲ့ အချိန်မှာ အိမ်တွင်းပစ္စည်းတွေကိုပါ ဒီ တပ်ဖွဲ့ဝင်တွေရဲ့ ခိုးယူမှု လုပ်ဆောင်လာမှာကိုလည်း ဒေသခံတွေအနေနဲ့ စိုးရိမ်မှုတွေ ရှိနေကြရတယ်လို့ ဆိုကြပါတယ်။
ဒါကြောင့် လက်ရှိအခြေအနေကို စစ်ကော်မရှင်ရဲ့ တာဝန်ရှိသူတွေအနေနဲ့ ဒေသတွင်း ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးကို အလေးထားပြီးတော့ သူတို့ တပ်ဖွဲ့ဝင်တွေကို ထိန်းကျောင်းပေးစေချင်တယ်လို့လည်း ဒေသခံပြည်သူတွေက ဆိုပါတယ်။
အဲဒီလို မလုပ်ဆောင်ဘူးဆိုရင် ဒီပြသနာဟာ တဖြေးဖြေး ကျယ်ပြန့်လာပြီးတော့ ခိုးမှု၊ ဓားပြမှု စတဲ့ အကြမ်းဖက်မှုတွေလည်း ဖြစ်လာမှာ သေချာတယ်လို့လည်း ဒေသခံတွေက သုံးသပ် ပြောဆိုပါတယ်။
မာန်အောင်မြို့နယ် အတွင်းမှာ ပြီးခဲ့တဲ့ နှစ်ကလည်း ကမုံတောင်တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၃ ဦးဟာ ပန်းခြံကျေးရွာနဲ့ င/ပုကုန်းကျေးရွာအကြား လယ်ကွင်းပြင်မှာ ဆေးခန်းပြပြီး ပြန်လာတဲ့ လင်မယား ၂ ဦးကို လူသတ် ဓားပြတိုက်သွားတဲ့ ဖြစ်စဥ်တခုကိုလည်း ကျူးလွန်ခဲ့တာ ရှိခဲ့ဖူးပါတယ်။
3 Comment
Вывод из запоя — востребованное направление наркологической помощи. Запой создает высокую нагрузку на организм и может сопровождаться бессонницей, тревожностью, слабостью, нарушением работы внутренних органов. В Москве вывод из запоя проводится на дому и в клинике. Формат выбирают с учетом тяжести самочувствия пациента и длительности запоя.
Ознакомиться с деталями – http://2.narkologicheskaya-klinika-moskva11.ru
Специалисты регулярно помогают при интоксикации, запоях, абстиненции и сложных состояниях зависимости.
Изучить вопрос подробнее – https://2.vyvod-iz-zapoya-krasnoyarsk55.ru/
Выездная или стационарная помощь особенно актуальна, когда состояние зависимого быстро ухудшается, а самостоятельно приехать в медицинский центр тяжело. При обращении по телефону специалист уточняет симптомы и помогает выбрать дальнейшие действия. В некоторых случаях возможен вызов нарколога на дом, однако при признаках тяжелого отравления, нарушениях сознания или других острых расстройствах может потребоваться скорая помощь и госпитализация.
Узнать больше – narkologicheskaya-moskva