AA က တောင်ကုတ်က ရွာ ၁၂ ရွာကို ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်ပေး

အာရက္ခတိုင်းမ်စ် (၁၁ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် တောင်ကုတ်ခရိုင်အတွင်းရှိ ကျေးရွာ ၁၂ ရွာက ပြည်သူများနဲ့ စစ်ရှောင်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက မြေပြင်ကို ကွင်းဆင်းပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့တယ်လို့ သိရပါတယ်။

“ ဒီလ ၇ ရက် နဲ့ ၈ ရက်နေ့က နယ်လှည့်ပြီးတော့ အရေပြားရောဂါနဲ့ ငှက်ဖျားပေါ့ စစ်ဆေးကုသပေးတယ်။ အခြားရောဂါတွေလည်း ကုပေးခဲ့တယ်” လို့ တောင်ကုတ်မြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ ဆေးကုသပေးနေစဉ် ငှက်ဖျားရောဂါ လာရောက်ပြသသူ ၄၆ ဦးထဲတွင် ၅ ဦးမှာ ငှက်ဖျားပိုး တွေ့ရှိခဲ့တယ်လို့လည်း သိရပါတယ်။

အလားတူ ဖေဖော်ဝါရိလ ၈ ရက်ကလည်း တောင်ကုတ်ခရိုင်အတွင်း နယ်လှည့်ကွင်းဆင်း ကုသပေးခြင်းခရီးစဉ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများနဲ့ ၅နှစ်အောက် ကလေးငယ်များရှိတဲ့ အိမ်ထောင်စုများအတွက် CYC ခြင်ထောင် အလုံး (၂၅၀) ကို ထောက်ပံ့ပေးခဲ့ပြီး HDCO အနေနဲ့လည်း ၂ နှစ်အောက် ကလေးသူငယ်များအတွက် အာဟာရနို့မှုန့်များကို ထောက်ပံ့ပေးခဲ့တယ်လို့လည်း သိရပါတယ်။

၂၀၂၅ ခုနှစ် သြဂုတ်လကလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ကျန်းမာရေးဌာနနဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံးတို့ ပူးပေါင်းပြီး တောင်ကုတ်မြို့နယ်က ကျောက်တန်းခါး၊ ဂွေးတောက်၊ ရပ်တော်မူ၊ တိုးချဲ၊ စလူ၊ ဒိုးနွယ်စမ်း၊ ပိနွဲစမ်း၊ ရေပေါ်ကြီး၊ သပြေ၊ ဇွတ်ပြဲ နဲ့ ညောင်လွန်တော စတဲ့ ကျေးရွာတွေက ပြည်သူတွေကို ဆေးကုသပေးပြီး ခြင်ထောင်များ ပေးဝေခဲ့ပါတယ်။

Photo – APM

Related posts

တောင်မော်ကြီးရေတပ်စခန်းမကျစေရေး စစ်သင်္ဘော ၃ စီးနဲ့ အင်အားဖြည့် ခုခံနေ

အိန္ဒိယခရီးစဉ်အပြီး နိုင်ငံခြား‌ရေးဝန်ကြီး တရုတ်ကိုသွားတာ ဘာကြောင့်လဲ

ကျောက်ဖြူမြို့ဝင်ဂိတ် ရွေးတုအစိုးရတပ် ပိတ်ဆို့ထားလို့ ဒေသခံပြည်သူတွေ သေဆုံးမှုထိ ရှိနေ