ဂွမြို့နယ်ကို ညသန်းခေါင် ရွေးတုအစိုးရတပ် ဗုံး ၂ ကြိမ်ကြဲ၊ ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၄ ဇွန် ၂၀၂၆)

ရက္ခိုင်ပြည် ဂွမြို့နယ်ကို ဇွန်လ ၂၃ ရက် ညသန်းခေါင်တွင် ရွေးတုအစိုးရတပ်က ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်တိုင်တိုင် ဗုံးကြဲချသွားခဲ့တယ်လို့ သိရပါတယ်။

“ည ၁၀ နာရီခွဲလောက်မှာ ၂ ကြိမ် ချသွားတာ၊ မနက်မှ သိရတာကတော့ ကံ့ကော်တောင်ရွာကို ကျတယ်ပြောတယ်။ ပြည်သူ ၄ ယောက် ဒဏ်ရာရသွားတယ်” လို့ ဂွမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရွေးတုအစိုးရတပ် ဗုံး ၂ ကြိမ် ကြဲချခဲ့လို့ ထိခိုက် ဒဏ်ရာရရှိခဲ့သူတွေကတော့ ရက္ခိုင်ပြည် ဂွမြို့နယ် ကံ့ကော်တောင်ရွာနေ အသက် ၁၉ နှစ်အရွယ် မနှောင်းသဇင်ထွေး၊ အသက် ၅၂ နှစ်အရွယ် ဦးချစ်ဆွေ၊ အသက် ၅၅ နှစ်အရွယ် ဒေါ်လှကေသီနဲ့ အသက် ၆၀ အရွယ် ဦးကျော်ဝင်း ဖြစ်တယ်လို့ သိရပါတယ်။

“ပထမ ၁ လုံးကတော့ ခရစ်ယာန်ဘုရားကျောင်းနားကို ကျတယ်။ ဒုတိယ ၁ လုံးကတော့ စာသင်ကျောင်းနာကိုကျတယ်။ အဆောက်အဦးတချို့ ပျက်စီးပြီးတော့ လူနာတင်ကား ၁ စီးလည်း ပျက်စီးသွားတယ်” လို့ သူက ဆက်ပြောပါတယ်။

အဆိုပါ ရွေးတုအစိုးရတပ်ရဲ့ ဗုံးကြဲချမှုကြောင့် ရက္ခိုင်ပြည် ဂွမြို့နယ် ကံ့ကော်တောင်ရွာက ဒေသခံပြည်သူ နေအိမ် ၂ လုံး ပျက်စီးခဲ့ရပြီး နွား ၂ ကောင်လည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Photo – APM (ဓာတ်ပုံများ ပိုမိုကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်)

Related posts

ကျောက်တော် ဗုံးကြဲခံရမှုအတွင်း ဒဏ်ရာရသူတွေနဲ့ နေအိမ်ဆုံးရှုံးခဲ့ရသူများကို ULA ထောက်ပံ့

လူငယ်များ ကိုရီးယားစာထက် ဂျပန်စာကို ပိုသင်လာကြ

စစ်တွေတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စခန်း ၂ ခုကို AA ထပ်မံသိမ်းပိုက်

2 Comment

RichardacuLa စက်တင်ဘာ 3, 2026 - 1:48 မနက်

Наркологическая клиника в клинике в Нижнем Новгороде специализируется на диагностике, лечении и реабилитации пациентов с алкогольной и наркотической зависимостью. Основная цель деятельности учреждения — восстановление физического здоровья и психологической устойчивости человека, оказавшегося в состоянии зависимости. В клинике применяются современные методы терапии, доказавшие эффективность в медицинской практике. Все процедуры проводятся конфиденциально, с соблюдением медицинских стандартов и под контролем квалифицированных специалистов.
Получить дополнительную информацию – лечение в наркологической клинике

RichardacuLa စက်တင်ဘာ 3, 2026 - 4:40 မနက်

После проведения процедур пациент чувствует заметное облегчение: исчезает головная боль, снижается тревожность, восстанавливается сон и аппетит. Это создаёт основу для дальнейшего прохождения курса лечения зависимости.
Ознакомиться с деталями – наркологическая клиника лечение алкоголизма

Add Comment