AA က ရေကြည်က ရွေးတုအစိုးရတပ် ကာကင်းများ သိမ်းပိုက်အပြီး အသုတ်တွင် ခံစစ်ပြင်ဆင်နေ

အာရက္ခတိုင်းမ်စ် (၂၆ ဇွန် ၂၀၂၆)

အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေကဟာ မေလကနေ ဇွန်လအထိ တစ်လအတွင်း ရေကြည်မြို့နယ်က ရွေးတုအစိုးရတပ်ရဲ့ ကာကင်း ၆ ခုထက်နည်းကို သိမ်းပိုက်အပြီးမှာတော့ အသုတ်မြို့နယ်မှာ ခံစစ်တွေ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“ ဧရာဝတီတိုင်းမှာဆိုရင် မြောက်စမ်း အမတ ၃၄၄ (အမြောက်တပ်ရင်း) ဟာ ကျလုလု ဖြစ်လာတဲ့အတွက် ငဝန်မြစ်တစ်ဘက်ကမ်း အထိ စစ်ကြောင်းတွေ တပ်ဖြန့်လာခဲ့ရပါတယ်။ ခံစစ်နယ်မြေသစ်တစ်ခု အရေးပေါ် ပြောင်းရွှေ့လိုက်ရခြင်း ဖြစ်ပါတယ်။ အခုသိရတာကတော့ အဲဒီနေရာက အသုတ်မြို့နယ်က ဆတ်ဒေါင့်ကြီးရွာ ဖြစ်နေတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ရေးအရ ရှုံးနိမ့်နေတဲ့ ရွေးတုအစိုးရဟာ ဇွန်လ ၁၃ ရက်က စတင်ကာ ပုသိမ်ကနေ စစ်ကားတွေပေါ်မှာ အမြောက်တွေတင်ကာ ဇက်ရေယာဉ်နဲ့ အသုတ်မြို့နယ် စက်ဒေါင့်ကြီးရွာကို ပို့ဆောင်ခဲ့တာဖြစ်ပြီး ဇွန်လ ၁၄ ရက်မှာ ရောက်ရှိကာ ယခုအခါမှာတော့ တပ်ဆင် အထိုင်ချကာ ခုခံရန် ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာတေ့ ရွေးတုအစိုးရဟာ ဘုရာကြီးရွာတွင်လည်း အမြောက်တပ် အထိုင်ချ တပ်ဆွဲထားပြီး ရွှေရင်မျှော်ကုန်း၊ မရမ်းချို၊ မြေရဲ နဲ့ ကမ္ဘားနီဘက်ကိုပါ အမြောက်တပ်တွေ ထပ်ချဲ့နေတယ်လို့ သိရပါတယ်။

ဇွန်လ ၁၇ ရက်က အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဟာ ဧရာဝတီတိုင်း ရေကြည်မြို့နယ် ရိုးမအစပ်ရှိ ရွေးတုအစိုးရ တပ်စွဲထားတဲ့ ကြောင်လျှာရွာအနီးက တပ်စခန်းငယ် ၃ ခုကို သိမ်းပိုက်ခဲ့ပါတယ်။

အလားတူ ရွေးတုအစိုးရတပ်ရဲ့ ၁၈၈ တောင်ကုန်းစခန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ ဇွန်လ ၂၀ ရက်က သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်မှာ မိုးအများဆုံးရွာနိုင်တယ်လို့ ဦးဝင်းနိုင်ပြော

မောင်တောမြို့‌ပေါ်ကို ရွေးတုအစိုးရ အသေခံဒရုန်းနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ဟု ဒေသခံတွေပြော

ဂွမြို့နယ်က စစ်ရှောင်တစ်ဦး လေးမျက်နှာတွင် မြေမြှုပ်မိုင်းနင်းမိလို့ သေဆုံး