ရက္ခိုင်ရေဘေးအတွက် MTC/MDF သိန်း ၅၀ လှူဒါန်း

အာရက္ခတိုင်းမ်စ် (၁၆ ဇူလိုင် ၂၀၂၆)

ရက္ခိုင်ပြည်က ရေဘေးသင့်ပြည်သူတွေအတွက် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့-MTC/MDF က ငွေကျပ် သိန်း ၅၀ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ကတဆင့် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“မဟာမိတ်ဖြစ်တဲ့ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့က လူသားချင်းစာနာ ထောက်ထာမှုနဲ့ အခုလို ကူညီပေးလို့ ရက္ခိုင်သားတစ်ယောက်အနေနဲ့ ကျေးဇူးလည်း တင်ပါတယ်။ ဝမ်းလည်း သာပါတယ်” လို့ မြောက်ဦးမြို့နယ်ဒေသခံတစ်ဦက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အာရက္ခတပ်တော်နဲ့ မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့တို့ဟာ မဟာမိတ်တပ်ဖွဲ့တွေဖြစ်ပြီး မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ဟာ တည်ထောင်ခဲ့တာ ၄ နှစ်ကျော် ၅ နှစ်နီးပါး ရှိလာနေပြီလို့လည်း သိရပါတယ်။

အလားတူ 96 Soldiers PDF တပ်ဖွဲ့ကလည်း ငွေကျပ် ၁၀ သိန်းကို စာရေးဆရာ ဝေဟင်အောင်ကတဆင့် ရက္ခိုင်ပြည်သူတွေအတွက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ဇူလိုင်လဆန်းက စတင်ကာ ရက္ခိုင်ပြည်တွင် မိုးသည်းထန်စွာရွာသွန်းလို့ မြို့ယ် ၈ ခုထက်မနည်း ရေးကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အဆိုပါ ရေကြီးရေလျှံမှုတွေကြောင့် ရေဘေးဒဏ်သင့်ခဲ့တဲ့ ပြည်သူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ လူမှုကူညီရေးအဖွဲ့များ ပူးပေါင်းပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ရိက္ခာထောက်ပံ့ရေးလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

Related posts

ရှေးဟောင်းပစ္စည်း အပ်နှံခဲ့တဲ့ မြေးအဖိုးကို AA ဆုချီးမြှင့်

ဘူးသီးတောင်တွင် မူဆလင်စစ်သည်များပါ ပါဝင်ကူညီလုပ်ဆောင်ပေး

ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ KIA-AA-CNF တို့ ပါလာနိုင်လား