ကျောက်ဖြူတိုက်ပွဲတွင် ရွေးတုတပ်မှ ဗိုလ်မှူးတစ်ဦး သေဆုံး

အာရက္ခတိုင်းမ်စ် (၂၅ သြဂုတ် ၂၀၂၆)

ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် တောင်မော်ကြီးရေတပ်စခန်းအနီး တိုက်ပွဲတွင် ရွေးတုအစိုးရရဲ့ ရေတပ်က ဗိုလ်မှူး အဆင့် အရာရှိတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးခဲ့သူကတော့ အသက် ၄၄ နှစ်အရွယ် ဗိုလ်မှူး ဒေါက်တာလင်းထက်ကျော်အောင် ဖြစ်ပြီး သြဂုတ်လ ၂၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်မှာ သေဆုံးခဲ့တာလို့ သိရပါတယ်။

“နာရေးမှာတော့ ၉၆ ပါး ရောဂါနဲ့ ဆုံးတယ်လို့ ကြေညာတာပေါ့။ တကယ်က AA လက်ချက်နဲ့ သေတာလေ။ စစ်တပ်မှာက တိုက်ပွဲကျတယ်လို့ မသုံးရဘူးလေ။ အဲတော့ ၉၆ ပါး ရောဂါနဲ့ ဆုံးတယ်ပဲ ကြေညာရတာပေါ့။ အထွေအထူး ကြည့်စရာမလိုပါဘူး။ ၂၁ ရက်နေ့ ဆုံးတယ်။ ၂၂ ရက်နေ့ သင်္ဂြိုလ်တယ်ဆိုကတည်းက အဖြေက ပေါ်နေပြီလေ။ မိသားစုမစုံပဲ နာရေးလုပ်လိုက်တာပေါ့” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အသက် ၄၄ နှစ်အရွယ် ဗိုလ်မှူး ဒေါက်တာလင်းထက်ကျော်အောင်ဟာ အငြိမ်းစား ဗိုလ်မှူးချုပ် ကျော်အောင်ရဲ့ သားဖြစ်သလို နိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါ်ပွင့်ကေခိုင်ရဲ့ အစ်ကိုဖြစ်တယ်လို့လည်း သိရပါတယ်။

“တိုက်ပွဲအတွင်းမှာ ကျဆုံးသွားတာ ဟုတ်ပါတယ်။ တောင်မော်ဦးရေတပ် ဖြစ်စဉ်မှာလို့ သိရပါတယ်။ အလောင်းကိုတောင် ဇာတိကိုပြန်ပြီးမပို့နိုင်ဘဲနဲ့ အဲဒီတောင်မော်ဦး ရေတပ်စခန်းနားမှာပဲ မြေမြှုပ်လိုက်ရတယ် ဆိုတာလည်း အဲဒီ နာရေးမှာ တွေ့ရပါတယ်” CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။

လက်ရှိမှာတော့ အာရက္ခတပ်တော်က ကျောက်ဖြူမြို့ တောင်မော်ကြီးရေတပ်စခန်းနားက ရွေတုအစိုးရတပ်ရဲ့ ကာကင်းစခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေလို့ ရွေးတုအစိုးရတပ်က အထိအခိုက်နဲ့ အကျအဆုံး များပြားနေတယ်လို့လည်း သိရပါတယ်။

Related posts

AA ကို ရွေးတုအစိုးရက တပ်မ ၁၀ ခုနဲ့ တိုက်စစ်ဆင်နေ

မင်းအောင်လှိုင် ကမ္ဘောဒီယားကို ဘာကြောင့်သွားမှာလဲ

ပလက်ဝက ကလေးတွေစာသင်တဲ့ နေရာကို ဗုံးကြဲလို့ ကလေးငယ် အပါ ၆ ဦးခန့် သေဆုံး၊ ၃၀ နီးပါး ဒဏ်ရာရ