အာရက္ခတိုင်းမ်စ် (၁၂ စက်တင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည် စစ်တွေ နဲ့ ပုဏ္ဏားကျွန်းနယ်စပ် နေရာများတွင် အာရက္ခတပ်တော်နဲ့ ရွေးတုအစိုးရတပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး အာရက္ခတပ်တော်ရဲ့ တိုက်စစ်ကြောင့် ရွေးတုအစိုးရတပ်ရဲ့ တပ်ရင်းမှူး၊ စစ်ကြောင်းမှူး အပါအဝင် သေဆုံးသူ ၁၀၀ ကျော်ထိ ရှိလာနေပြီလို့ သိရပါတယ်။
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၄ ရက် နံနက် ၆ နာရီခန့်ကစတင်ပြီး ရွေးတုအစိုးရတပ်ဟာ စစ်တွေမြို့နယ် မင်းချောင်းတံတားနဲ့ ကွမ်းတောင်ကျေးရွာအနီး၊ ဝါဘိုကျေးရွာ၊ မင်းလှနဲ့ မြစ်နားကျေးရွာ ပတ်ဝန်းကျင်တို့ကို စတင် ထိုးစစ်ဆင်လာတယ်လို့ သိရပါတယ်။
အလားတူ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းမှာပဲ ပုဏ္ဏားကျွန်းမြို့နယ် ရဲယိုးပြင်နဲ့ ခမောင်းတောကျေးရွာအကြား၊ အောင်ဇေယျနဲ့ အောင်မြေကုန်းကျေးရွာအကြားတို့ကိုလည်း ရွးတုအစိုးရတပ်က အသီးသီး ထိုးစစ်ဆင်လာခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ထိုးစစ်အတွက် ရွေးတုအစိုးရတပ်က စစ်ကြောင်း ၅ ကြောင်းခွဲပြီး စစ်ကြောင်းတစ်ကြောင်းလျှင် အင်အား ၁၇၀ ကနေ ၂၀၀ ခန့်အထိ အသုံးပြုထားလို့ စုစုပေါင်းအင်အား ၁,၀၀၀ ဝန်းကျင် ရှိတယ်လို့လည်း သိရပါတယ်။
ရွေးတုအစိုးရတပ်ရဲ့ ထိုးစစ်ဟာ စက်တင်ဘာလ ၄ ရက်ကနေ ၇ ရက်အထိ စစ်တွေမြို့နယ် ဝါဘိုကျေးရွာဘက်တွင် စစ်ကြောင်းငယ် ၃ ကြောင်းနဲ့ ကွမ်းတောင်ကျေးရွာဘက်တွင် စစ်ကြောင်းငယ် ၄ ကြောင်းခွဲပြီး ထိုးစစ်ဆင်ခဲ့ရာ နှစ်ဖက်အကြား တစ်ရက်လုံးနီးပါး ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။
အဆိုပါ ၄ ရက်တာ တိုက်ပွဲအတွင်း ရွေးတုအစိုးရတပ်ဘက်က သေဆုံးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၀၀ ကျော် ရှိခဲ့ပြီး စက်တင်ဘာ ၈ ရက်ကနေ ၁၀ ရက်အတွင်း အာရက္ခတပ်တော်ရဲ့ ခုခံစစ်ကနေ တန်ပြန် ထိုးစစ်အဖြစ် ပြန်လည်တိုက်ခိုက်ခဲ့ရာ ရွေးတုအစိုးရတပ်ရဲ့ စစ်ကြောင်းမှူးများ ထိခိုက်သေဆုံးမှုများ ရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ စစ်တွေမြို့နယ် ဝါဘိုကျေးရွာတိုက်ပွဲတွင် ရွေတုအစိုးရတပ်ဘက်က စစ်ကြောင်းမှူး ၁ ဦးအပါအဝင် တခြား စစ်ကြောင်းမှူးများလည်း သေဆုံးခဲ့ပြီး မင်းချောင်းတံတားကနေ ကွမ်းတောင်ကျေးရွာဘက်ကို ထိုးစစ်ဆင်နေတဲ့ စစ်ကြောင်းတွင်လည်း စစ်ကြောင်းမှူး ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Ref & Photo – Khit Thit Media (ဓာတ်ပုံများ ကြည့်ရှုလိုပါ t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်)