MNDAA နဲ့ စစ်ကောင်စီ နေပြည်တော်မှာ ငြိမ်းချမ်းရေး ဆွေးနွေး

အာရက္ခတိုင်းမ်စ် (၂၄ စက်တင်ဘာ ၂၀၂၆)

တရုတ်နိုင်ငံရဲ့ ကြားဝင် ညှိနှိုင်းမှုနဲ့ အပစ်ရပ်ထားတဲ့ မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့တွေထဲက အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးဇုန် (NSPNC) တို့ ဒီကနေ့ စက်တင်ဘာလ ၂၄ ရက်မှာ နေပြည်တော်တွင် တွေ့ဆုံ ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး ကာလအတွင်း မြောက်ပိုင်းက နယ်မြေအများအပြားကို သိမ်းယူထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထဲက စစ်ကောင်စီနဲ့ နေပြည်တော်အထိ လာရောက်ဆွေးနွေးတဲ့ ဒုတိယမြောက် အဖွဲ့လည်း ဖြစ်ပါတယ်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ထဲက TNLA အဖွဲ့နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ NSPNC တို့ဟာလည်း ပြီးခဲ့တဲ့ လပိုင်းအတွင်းက နေပြည်တော်မှာ တွေ့ဆုံခဲ့ဖူးပါတယ်။

လက်ရှိ နေပြည်တော် ဆွေးနွေးပွဲကို MNDAA ဘက်က အထွေထွေအတွင်းရေးမှူး ဦးဖုန်ဝင်းနိုင် ဦးဆောင် တက်ရောက်လာတာဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး၊ နယ်မြေထိန်းချုပ်မှုတွေနဲ့ တရုတ်စီမံကိန်းတွေအကြောင်း ဆွေးနွေးဖို့ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ သီးခြား အတည်ပြုချက်တော့ မရရှိသေးပါဘူး။

Related posts

လူငယ်များ ကိုရီးယားစာထက် ဂျပန်စာကို ပိုသင်လာကြ

စစ်တွေတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စခန်း ၂ ခုကို AA ထပ်မံသိမ်းပိုက်

ကျောက်တော်ကို စစ်ကောင်စီ ဗုံးကြဲ၊ မူဆလင်ကလေးငယ် အပါအဝင် ၇ ဦး ဒဏ်ရာရ