အဉ္စနပူရမြို့နယ်၊ စွန်ရဲကျေးရွာကို စစ်ကော်မရှင်လေတပ်က Y-12 ဖြင့်ဗုံးကြဲ(အရပ်သား ၇ဦး ထိခိုက်ဒဏ်ရာရရှိ)

အာရက္ခတိုင်းမ်စ် (၂၈ စက်တင်ဘာ ၂ဝ၂၆)

ရက္ခိုင်ပြည်၊ အဉ္စနပူရမြို့နယ်၊ စွန်ရဲကျေးရွာကို ဒီကနေ့ စက်တင်ဘာလ ၂၈ရက်၊ နံနက် ၇နာရီခန့်က စစ်ကော်မရှင်လေတပ်ကနေ Y-12 ဖြင့် ဗုံး ၃လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။

အဆိုပါ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ မြေပြင် အချက်အလက်များအရ သိရပါတယ်။

ထိခိုက် ဒဏ်ရာရရှိခဲ့သူများမှာ အသက် ၄၃ နှစ်အရွယ် မမအေး၊ အသက် ၇၀ နှစ်အရွယ် မောင်ဦးဖြူ၊ အသက် ၁၃ နှစ်အရွယ် ဖြိုးဝေလင်း၊ အသက် ၂၂ နှစ်အရွယ် ပြုံးပြုံး၊ အသက် ၂၉ နှစ်အရွယ် အေးကျော်မိုး၊ အသက် ၂၈ နှစ်အရွယ် မကျော်ဝင်းနဲ့ အသက် ၄၅ နှစ်အရွယ် အေးဝင်းသိန်းတို့ ဖြစ်ကြောင်းလည်း သိရှိရတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် အဆောက်အအုံများနဲ့ ဆေးရုံအနီးတစ်ဝိုက် ပျက်စီးခဲ့ရပြီး ဒေသခံပြည်သူများမှာလည်း စိုးရိမ်ထိတ်လန့်လျက် ရှိနေပါတယ်။

မနေ့က စက်တင်ဘာလ ၂၇ ရက်၊ မိုးလင်းဝအချိန်ကလည်း စစ်ကော်မရှင်လေတပ်ကနေ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာ ရရှိသွားတာလည်း ရှိခဲ့ပါတယ်။
ဓာတ်ပုံများ ပိုမို ကြည့်ရှုလိုပါက t.me/arakhatimes တွင် ကြည့်ရှုနိုင်ပါတယ်

Related posts

ကျောက်တော်မြို့ ဗုံးကြဲခံရမှု ပြည်သူ (၃၃) ဦးခန့် သေဆုံး၊ (၃၆) ဦး ဒဏ်ရာရ (AA ထုတ်ပြန်)

စစ်တွေမှာ အလုပ်အကိုင်ရှားပါးမှုကြောင့် လူကုန်ကူးမှု တားဆီးရန် ခက်ခဲနေ

ကျောက်တော် ဗုံးကြဲတိုက်ခိုက်မှု ထိခိုက်မှုများ