အာရက္ခတိုင်းမ်စ် (၂၈ စက်တင်ဘာလ ၂၀၂၆)
ရက္ခိုင်ပြည် သံတွဲမြို့နယ်ကို စစ်ကောင်စီတပ်က ဒီကနေ့ (စက်တင်ဘာလ ၂၈ ရက်) နေ့လယ် (၁၂) နာရီ (၃၂) မိနစ်အချိန်ခန့်ကစတင်ပြီး လေကြောင်းမှတစ်ဆင့် ထပ်မံ တိုက်ခိုက်မှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်တွင် သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး အသေးစိတ် ထိခိုက်ပျက်စီးမှု အခြေအနေများကို အာရက္ခတိုင်းမ်စ် သတင်းဌာနအနေဖြင့် ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အလားတူ ရက္ခိုင်ပြည် ကျောက်တော်မြို့နယ်ကို စစ်ကောင်စီက ဒီကနေ့ နေ့လည် ၁၂ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ဒီကနေ့ မနက် ၇ နာရီခန့်မှာလည်း ရက္ခိုင်ပြည်၊ အဉ္စနပူရမြို့နယ်၊ စွန်ရဲကျေးရွာကို Y-12 လေယာဉ်နဲ့ ဗုံး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၇ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ မြေပြင် အချက်အလက်များအရ သိရပါတယ်။
မနေ့က စက်တင်ဘာလ ၂၇ ရက်၊ မိုးလင်းဝအချိန်ကလည်း စစ်ကော်မရှင်လေတပ်ကနေ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဒဏ်ရာ ရရှိသွားတာလည်း ရှိခဲ့ပါတယ်။