SRA တတိယအကြိမ်ညီလာခံကို ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်

အာရက္ခတိုင်းမ်စ် (၉ အောက်တိုဘာ ၂၀၂၆)

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ရဲ့ တတိယအကြိမ်ညီလာခံကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်ကနေ အောက်တိုဘာလ ၂ ရက်အထိ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါညီလာခံကို အာရက္ခတပ်တော် ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် တက်ရောက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုယ်စားလှယ်များ၊ အမျိုးသမီးများအဖွဲ့ချုပ် (WLB) အတွင်းရေးမှူး၊ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌနဲ့ SRA ဦးဆောင်ကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြပါတယ်။

အဆိုပါ ညီလာခံတွင် လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ရရှိခဲ့တဲ့ အတွေ့အကြုံများကို သုံးသပ် တင်သွင်းခဲ့ကြပြီး အစီရင်ခံစာ တရပ်ချင်းအလိုက် အဖြေရှာ ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် တပ်ပေါင်းစုရဲ့ လုပ်ငန်းစဉ်များ ပိုမိုထိရောက် မြန်ဆန်စေရန်အတွက် ဦးဆောင်ကော်မတီတွင် အတွင်းရေးမှူးအဖွဲ့သစ်ကိုပါ ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ဟာ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးအတွက် မဟာမိတ်အဖွဲ့အစည်းများနှဲ့အတူ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း သတင်း ထုတ်ပြန်ထားပါတယ်။

Related posts

မောင်တောတွင် သောက်သုံးရေအဆင်ပြေစေရန် မြကန်သာကန်တော်ကြီးကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်

ရမ်းဗြဲရှိ စစ်ရှောင်ပြည်သူတွေ စပါးမပေါ်မီ ကြားကာလတွင် အငတ်ဘေးနဲ့ ရင်ဆိုင်နေရ

ရက္ခိုင်ပြည်က လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သူတွေအတွက် Better Burma က အရေးပေါ်အလှူခံနေ