စစ်ကောင်စီ အလုံးအရင်း ထိုးစစ်ဆင်သော်လည်း ULA/AA က နယ်မြေဆုံးရှုံးမှု မရှိ

အာရက္ခတိုင်းမ်စ် (၁၀ အောက်တိုဘာ ၂၀၂၆)

၂၀၂၆ ခုနှစ် စက်တင်ဘာလ ၄ ရက်ကစတင်ပြီး စစ်ကောင်စီတပ်ဟာ အာရက္ခတပ်တော် (ULA/AA) ထိန်းချုပ်ထားရာ နယ်မြေတွေကို ကြည်း၊ ရေ၊ လေ လမ်းကြောင်းပေါင်းစုံသုံးပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

အဆိုပါကဲ့သို့ ထိုးစစ်ဆင်မှုများကြောင့် လက်ရှိအချိန်အထိ ထိတွေ့တိုက်ပွဲပေါင်း ၃၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၇၁ ကြိမ်အထိ ရှိခဲ့တယ်လို့လည်း ISP-Myanmar ရဲ့ သုတေသန အစီရင်ခံစာအရ သိရပါတယ်။

တိုက်ပွဲများနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ၇၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဒေသခံများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က အပြင်းအထန် ထိုးစစ်ဆင်နေသော်လည်း အာရက္ခတပ်တော် (ULA/AA) ဘက်က မဆုတ်တမ်း ခုခံနေမှုကြောင့် လက်ရှိအချိန်အထိ နယ်မြေဆုံးရှုံးမှု တစ်စုံတစ်ရာ မရှိသေးဘူးလို့လည်း ISP-Myanmar ၏ သုတေသန အစီရင်ခံစာအရ သိရပါတယ်။

လက်ရှိတွင် ရက္ခိုင်ပြည်အတွင်း ULA/AA က ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပြီး နှစ်ဖက်တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲလည်း ဖြစ်ပါတယ်။

Related posts

မောင်တောတွင် သောက်သုံးရေအဆင်ပြေစေရန် မြကန်သာကန်တော်ကြီးကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်

ရမ်းဗြဲရှိ စစ်ရှောင်ပြည်သူတွေ စပါးမပေါ်မီ ကြားကာလတွင် အငတ်ဘေးနဲ့ ရင်ဆိုင်နေရ

ရက္ခိုင်ပြည်က လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သူတွေအတွက် Better Burma က အရေးပေါ်အလှူခံနေ