ငပြီကျွန်းကို ကမ်းတက်တဲ့ စစ်ကောင်စီတပ် လူ ၅၀ ခန့် ကျဆုံးလို့ AA ပြော

အာရက္ခတိုင်းမ်စ် (၂၀ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ ဝီရဌာနီနဲ့ စစ်တွေမြို့နယ်အကြားက စစ်ရေးအရ အရေးပါတဲ့ ငပြီကျွန်းကို စစ်ကောင်စီတပ်က ကမ်းတက်ဖို့ ကြိုးပမ်းတဲ့အခါ အာရက္ခတပ်တော် (AA) ရဲ့ ခုခံတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုနဲ့ လက်နက်ချမှု များနေကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ဧရာဝတီသတင်းဌာနကို ပြောကြားခဲ့တယ်။

စစ်ကောင်စီတပ်က လေကြောင်းပစ်ကူတွေကို အချိန်ပြည့်နီးပါး သုံးပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ပေမယ့် စစ်သင်္ဘောတွေကို AA က လက်နက်ကြီးနဲ့ ပစ်ခတ်ဟန့်တားခဲ့လို့ မီးလောင်ပျက်စီးမှုတွေ ရှိခဲ့ပြီး ကမ်းတက်တဲ့နေ့ကစပြီး လူ ၅၀ ခန့် ကျဆုံးခဲ့ရကြောင်း သိရပါတယ်။

စစ်တွေက ရွှေမင်းဂံရေတပ်စခန်းနဲ့ ပွိုင့်ကမ်းခြေတစ်လျှောက်မှာ လုံခြုံရေး တိုးမြှင့်ပြီး စစ်သင်္ဘောတွေနဲ့ စစ်သည်အင်အား ထောင်ချီသုံးကာ ကုလားတန်မြစ်ကြောင်းအတွင်းက အဲဒီကျွန်းကို ပြန်ပြီး ထိန်းချုပ်ဖို့ စစ်ကောင်စီက ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီရဲ့ ထိုးစစ်က မျှော်မှန်းသလို မပေါက်မြောက်ဘဲ AA ရဲ့ တိုက်ထုတ်မှုတွေကြောင့် ကမ်းတက်လာသူတွေ အဖမ်းခံရတာ၊ သေဆုံးတာတွေနဲ့ အထိနာနေကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိမှာ စစ်တွေမြို့နယ်အနီးက စစ်ကောင်စီတပ်စခန်းတွေကိုပါ AA က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီရဲ့ ငပြီကျွန်းထိုးစစ်ကလည်း အောင်မြင်မှုမရှိဘဲ ဆုတ်ခွာခဲ့ရလို့ အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

Related posts

AA ဆီ အလင်းဝင်လာတဲ့ စစ်မှုထမ်း ၂ ဦးက ကျန်တပ်သားတွေကိုပါ ဝင်လာဖို့ တိုက်တွန်း

သံတွဲသား နိုင်ငံရေးအကျဉ်းသားဟောင်း ဖိုးကြက်တောင် ကွယ်လွန်

ဝါဘိုကို AA သိမ်းလို့ စစ်ကောင်စီဝန်ထမ်းတွေ စစ်တွေကနေ ရန်ကုန်ကို ထွက်ခွာနေ