စစ်တွေမှာ လက်နက်ကြီးကျ၊ ၅ ဦးခန့်သေ

(Breaking News)

အာရက္ခတိုင်းမ်စ် (၂၃ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့ မနက် ၈ နာရီခန့်က လက်နက်ကြီးကျရောက်ကြီး လူ ၅ ဦးခန့်သေဆုံးသွားတယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဲဒီလက်နက်ကြီးဟာ စစ်တွေမြို့က နာမည်ကြီးတဲ့ ရွှေငါးမုန့်တိုက်တည်ရှိတဲ့ အိမ်ရှေ့ ဓာတ်တိုင်နားကို ကျရောက်ခဲ့တာလို့ သိရပါတယ်။

အဲဒီ လက်နက်ကြီးဒဏ်ကြောင့် အနီးမှာ အီကြာကွေးရောင်းချနေသူ လင်မယား ၂ ဦးနဲ့ လမ်းသွားလမ်းလာ ၃ ဦး စုစုပေါင်း ၅ ဦးသေဆုံးသွားတယ်လို့ ကနဦး သိရပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူ ဘယ်လောက်ရှိသလဲ မသိရသေးကာ လက်နက်ကြီးကျရောက်မှု အရှိန်ကြောင့် ရွှေငါးမုန့်တိုက်လည်း အနည်းငယ် ပျက်စီးသွားတယ်လို့ သိရပါတယ်။

Related posts

စစ်တွေခရိုင်က စစ်ဘေးရှောင် ၁၃၆ ဦးကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက မျက်စိ အခမဲ့ခွဲစိတ်ကုသပေး

ဝီရဌာနီမှာ စစ်ကောင်စီ Y-12 နဲ့ ဗုံးကြဲ၊ အရပ်သား ၄ ဦး ဒဏ်ရာရ

စစ်တွေမှာ AA က ကာကင်းစခန်း ထပ်သိမ်း၊ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား ၅ ဦး သေဆုံး