(Breaking News)
အာရက္ခတိုင်းမ်စ် (၂၃ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့ မနက် ၈ နာရီခန့်က လက်နက်ကြီးကျရောက်ကြီး လူ ၅ ဦးခန့်သေဆုံးသွားတယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဲဒီလက်နက်ကြီးဟာ စစ်တွေမြို့က နာမည်ကြီးတဲ့ ရွှေငါးမုန့်တိုက်တည်ရှိတဲ့ အိမ်ရှေ့ ဓာတ်တိုင်နားကို ကျရောက်ခဲ့တာလို့ သိရပါတယ်။
အဲဒီ လက်နက်ကြီးဒဏ်ကြောင့် အနီးမှာ အီကြာကွေးရောင်းချနေသူ လင်မယား ၂ ဦးနဲ့ လမ်းသွားလမ်းလာ ၃ ဦး စုစုပေါင်း ၅ ဦးသေဆုံးသွားတယ်လို့ ကနဦး သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူ ဘယ်လောက်ရှိသလဲ မသိရသေးကာ လက်နက်ကြီးကျရောက်မှု အရှိန်ကြောင့် ရွှေငါးမုန့်တိုက်လည်း အနည်းငယ် ပျက်စီးသွားတယ်လို့ သိရပါတယ်။
