မြောက်ဦးမှာ လမ်းမကြီးဧရိယာအတွင်း ကျူးကျော်ဆောက်လုပ်မှုတွေကို ၁၅ ရက်အတွင်း ဖယ်ရှားဖို့ အသိပေး

အာရက္ခတိုင်းမ်စ် (၂၆ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည် မြောက်ဦးမြို့နယ်မှာ တရားဥပဒေစိုးမိုးရေးနဲ့ မြို့ရွာလှပသာယာရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးရုံးက လမ်းနယ်နိမိတ်အတွင်း ကျူးကျော်ဆောက်လုပ်ထားမှုတွေနဲ့ ပတ်သက်ပြီး အသိပေး အကြောင်းစာတွေ ပေးပို့နေတယ်လို့ သိရပါတယ်။

အသိပေး အကြောင်းကြားစာအရ မြောက်ဦးမြို့နယ်၊ အမှတ် (၄) တိုက်နယ်၊ ပေါင်းတုတ်ရွာက အရှေ့လမ်းမကြီးဧရိယာ ၁၅၀ ပေအတွင်းမှာ ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဆောက်လုပ်ထားတဲ့ နှစ်ထပ်အိမ်နဲ့ ဆိုင်ခန်းတွေ တွေ့ရှိလို့ ဒီအကြောင်းကြားစာ ပို့တာဖြစ်ကြောင်း သိရပါတယ်။

အဆောက်အအုံပိုင်ရှင်တွေအနေနဲ့ အသိပေးစာကို လက်ခံရရှိတဲ့အချိန်ကစပြီး ၁၅ ရက်အတွင်း ကျူးကျော်အဆောက်အအုံတွေကို အပြီးအပိုင် ဖယ်ရှားကြဖို့ အုပ်ချုပ်ရေးရုံးက တိုက်တွန်းထားပါတယ်။

သတ်မှတ်ထားတဲ့ ၁၅ ရက်အတွင်း ဖယ်ရှားဖို့ ပျက်ကွက်ရင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။

ဒီအသိပေး အကြောင်းကြားစာကို အောက်တိုဘာလ ၁၅ ရက်စွဲနဲ့ မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ကျော်ကြီးက လက်မှတ်ရေးထိုး ပေးပို့ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ – Western News

Related posts

၃ လအတွင်း လေကြောင်းတိုက်ခိုက်မှု ၅၈၁ ကြိမ်၊ ရက္ခိုင်ပြည်က ၁၅၁ ကြိမ်နဲ့ အများဆုံးဖြစ်

မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ အပူဒဏ်ကြောင့် ရုတ်တရက်သေဆုံးသူ ၁၂ ဦးခန့်ရှိ

ပန်းတောင်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ အလောင်း နဲ့ သုံ့ပန်း AA သိမ်းပိုက်ရရှိ