အာရက္ခတိုင်းမ်စ် (၂၇ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်က ယခင်ထောင်ထားခဲ့တဲ့ မိုင်းတစ်လုံး ပေါက်ကွဲလို့ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါတယ်။
အောက်တိုဘာလ ၂၆ ရက် သီတင်းကျွတ်လပြည့်နေ့ မွန်းလွဲပိုင်းမှာ ကလေးက ဥပုသ်သီလ ဆောက်တည်သူတွေနဲ့အတူ ကျောက်ဖယောင်းတောင်ခြေကို လိုက်သွားခဲ့တာ ဖြစ်ပါတယ်။
မွန်းလွဲ ၃ နာရီခန့်မှာ ကျောက်ဖယောင်းတောင်ခြေအနီးက မိုင်းတစ်လုံးကို ကိုင်တွယ်မိလို့ ပေါက်ကွဲခဲ့ပြီး ကလေးရဲ့ ညာဘက်လက်ချောင်း ၄ ချောင်းလုံးနဲ့ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရခဲ့ပါတယ်။
လက်ရှိမှာ ကလေးကို ဆေးကုသမှု ပေးနေပြီး ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ် စခန်းချခဲ့ဖူးတဲ့ နေရာတွေနဲ့ တောင်ခြေတွေကို သွားရင် မိုင်းအန္တရာယ်ကို အထူးသတိထားဖို့ အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။