HealthNewsPolitic

သံတွဲမှာ မိုင်း ပေါက်ကွဲလို့ အသက် ၁၂ နှစ် ကလေးငယ် ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၂၇ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်၊ သံတွဲမြို့နယ်မှာ စစ်ကောင်စီတပ်က ယခင်ထောင်ထားခဲ့တဲ့ မိုင်းတစ်လုံး ပေါက်ကွဲလို့ အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့ပါတယ်။

အောက်တိုဘာလ ၂၆ ရက် သီတင်းကျွတ်လပြည့်နေ့ မွန်းလွဲပိုင်းမှာ ကလေးက ဥပုသ်သီလ ဆောက်တည်သူတွေနဲ့အတူ ကျောက်ဖယောင်းတောင်ခြေကို လိုက်သွားခဲ့တာ ဖြစ်ပါတယ်။

မွန်းလွဲ ၃ နာရီခန့်မှာ ကျောက်ဖယောင်းတောင်ခြေအနီးက မိုင်းတစ်လုံးကို ကိုင်တွယ်မိလို့ ပေါက်ကွဲခဲ့ပြီး ကလေးရဲ့ ညာဘက်လက်ချောင်း ၄ ချောင်းလုံးနဲ့ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရခဲ့ပါတယ်။

လက်ရှိမှာ ကလေးကို ဆေးကုသမှု ပေးနေပြီး ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ် စခန်းချခဲ့ဖူးတဲ့ နေရာတွေနဲ့ တောင်ခြေတွေကို သွားရင် မိုင်းအန္တရာယ်ကို အထူးသတိထားဖို့ အာရက္ခတပ်တော်က တိုက်တွန်းထားပါတယ်။

Related posts

အနောက်အရပ်က နေဝန်းနီ (သို့) အာဇာနည်ရဟန်းတော်

Rakhita Times

ကျောင်းကောင်စီအခမ်းနား ပြုလုပ်စဉ် ကျောင်းသူ ၁၉ ဦး နဲ့ ကျောင်းသား ၁ ဦး မူးလဲ

Rakhita Times

စစ်တွေမှာ လက်နက်ကြီး အပိုင်းအစတွေ ၂ နေရာမှာ ထပ်တွေ့

Rakhita Times

Leave a Comment