မူဆယ် ၁၀၅ မိုင်က အဘိဓမ္မာခုနစ်ကျမ်း အောင်ပွဲအလှူကို အာရက္ခတပ်တော် သွားရောက်လှူဒါန်း

အာရက္ခတိုင်းမ်စ် (၂၉ အောက်တိုဘာ ၂၀၂၆)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ညီနောင်မဟာမိတ်အုပ်ချုပ်ရေးဒေသ မူဆယ်မြို့နယ်၊ မိုင်းယု (၁၀၅) မိုင်ရှိ မြို့ဦးရောင်ခြည် တောင်ပေါ်စေတီမှာ (၂၂) ကြိမ်မြောက် အဘိဓမ္မာခုနစ်ကျမ်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအလှူကို အောက်တိုဘာ ၂၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။

ဒီအလှူပွဲကို အာရက္ခတပ်တော် (မီးနဂါးစစ်ဒေသ) ကိုယ်စားလှယ်တွေ သွားရောက်ပြီး သံဃာတော်တွေနဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ ကုသိုလ်ရေးလုပ်ငန်းတွေကို ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။

ပွဲမှာ တပ်တော်ရဲ့ ကိုယ်စားလှယ်တွေက သံဃာတော် ၉၀ ကျော်နဲ့ ဧည့်ပရိသတ်တွေကို အရုဏ်ဆွမ်းနဲ့ နေ့ဆွမ်းတွေ လှူဒါန်းခဲ့ပါတယ်။

မဟာမိတ်တပ်ဖွဲ့ဝင်တွေ၊ ဒေသခံပြည်သူတွေနဲ့ ပရဟိတအသင်းအဖွဲ့တွေ ပူးပေါင်းပြီး သံဃာတော်တွေကို ဆွမ်းဆန်စိမ်းနဲ့ လှူဖွယ်ဝတ္ထုပစ္စည်းတွေလည်း လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

အာရက္ခတပ်တော်အနေနဲ့ ဒေသခံပြည်သူတွေရဲ့ ဘာသာရေး၊ သာသနာရေးဆိုင်ရာ ပွဲလမ်းသဘင်တွေနဲ့ အလှူအတန်းတွေမှာလည်း ပါဝင်အားဖြည့်ပေးနေတယ်လို့ ဆိုကြပါတယ်။

Related posts

နတ်ရေကန်မှာ စစ်ကောင်စီရဲ့ ခဲယမ်း၊ ရိက္ခာတင် ပါရာမော်တာ ၁ စီးကို ပစ်ချလိုက်တယ်လို့ AA ထုတ်ပြန်

ပုဏ္ဏားကျွန်း ကျောက်ဆိပ်ကျေးရွာ စာသင်ကျောင်းအနီးကို စစ်ကောင်စီ ညအချိန် ဒရုန်း ၂ စီးနဲ့ တိုက်ခိုက်

“အသံ” အစီရင်ခံစာက တော်လှန်ရေးနယ်မြေမှာ သတင်းလွတ်လပ်ခွင့် ကန့်သတ်မှုတွေ ထောက်ပြ၊ မောင်တော သတင်းထောက်ကိစ္စလည်း ပါဝင်