စစ်ဘေးရှောင်စခန်း ၂ ခုက အိမ်ထောင်စု ၅၈၆ စုကို ကျပ် ၅၈၆ သိန်း ထောက်ပံ့လှူဒါန်း

အာရက္ခတိုင်းမ်စ် (၆ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည်က စစ်ဘေးရှောင်စခန်း ၂ ခုရှိ အိမ်ထောင်စု ၅၈၆ စုကို စုစုပေါင်း ငွေကျပ် ၅၈၆ သိန်းကို အကူအညီလိုအပ်နေတဲ့ မြေပြင်ကို တိုက်ရိုက်သွားရောက် ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ စာရေးဆရာဝေဟင်အောင်ထံမှ သိရပါတယ်။

ပထမစခန်းက အိမ်ထောင်စု ၃၉၀၊ လူဦးရေ ၁,၄၀၀ ကျော်၊ ဒုတိယစခန်းက အိမ်ထောင်စု ၁၉၆ စု၊ လူဦးရေ ၆၀၀ ကျော် ခိုလှုံနေကြတာဖြစ်ပြီး စခန်း ၂ ခုလုံးက စစ်ဘေးရှောင်မိသားစုတစ်စုကို ကျပ် ၁ သိန်းနှုန်း ခွဲဝေထောက်ပံ့ခဲ့တယ်လို့ သူက ဆိုပါတယ်။

အဆိုပါ ထောက်ပံ့မှုကို HDCO အဖွဲ့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီအလှူငွေထဲမှာ “ကူညီစာနာ ပြည်မြန်မာ” နယူးဇီလန်ရောက် မြန်မာပြည်ဖွားတွေက ကျပ် ၁၈၀ သိန်း လှူဒါန်းထားပြီး ကျန်တဲ့ အလှူငွေတွေကို ပြည်တွင်းပြည်ပက အလှူရှင်တွေက ပူးပေါင်းထည့်ဝင်ထားတယ်လို့ စာရေးဆရာဝေဟင်အောင်က ဆိုပါတယ်။

Related posts

‎ရက္ခိုင်စာသင်ရိုးထဲက နရာဓိပတိဘွဲ့ခံ ဘုရင်မင်းရာမင်းကြီး ဘဝကောက်ကြောင်း တစေ့တကြောင်း

စစ်တွေမှာ ဒို့ကျောင်းသားတစ်ဘူး ခုနှစ်ထောင်ကျပ်၊ တစ်နေ့တစ်ပြားသာ သောက်နိုင်

မြောက်ဦး နန်းကျားရွာကို ညဉ့်နက်ပိုင်း ဗုံးကြဲလို့ ကိုယ်ဝန်ဆောင်တစ်ဦးသေ၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ