အာရက္ခတိုင်းမ်စ် (၆ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်က စစ်ဘေးရှောင်စခန်း ၂ ခုရှိ အိမ်ထောင်စု ၅၈၆ စုကို စုစုပေါင်း ငွေကျပ် ၅၈၆ သိန်းကို အကူအညီလိုအပ်နေတဲ့ မြေပြင်ကို တိုက်ရိုက်သွားရောက် ထောက်ပံ့လှူဒါန်းခဲ့တယ်လို့ စာရေးဆရာဝေဟင်အောင်ထံမှ သိရပါတယ်။
ပထမစခန်းက အိမ်ထောင်စု ၃၉၀၊ လူဦးရေ ၁,၄၀၀ ကျော်၊ ဒုတိယစခန်းက အိမ်ထောင်စု ၁၉၆ စု၊ လူဦးရေ ၆၀၀ ကျော် ခိုလှုံနေကြတာဖြစ်ပြီး စခန်း ၂ ခုလုံးက စစ်ဘေးရှောင်မိသားစုတစ်စုကို ကျပ် ၁ သိန်းနှုန်း ခွဲဝေထောက်ပံ့ခဲ့တယ်လို့ သူက ဆိုပါတယ်။
အဆိုပါ ထောက်ပံ့မှုကို HDCO အဖွဲ့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒီအလှူငွေထဲမှာ “ကူညီစာနာ ပြည်မြန်မာ” နယူးဇီလန်ရောက် မြန်မာပြည်ဖွားတွေက ကျပ် ၁၈၀ သိန်း လှူဒါန်းထားပြီး ကျန်တဲ့ အလှူငွေတွေကို ပြည်တွင်းပြည်ပက အလှူရှင်တွေက ပူးပေါင်းထည့်ဝင်ထားတယ်လို့ စာရေးဆရာဝေဟင်အောင်က ဆိုပါတယ်။
