စစ်တွေ-ပုဏ္ဏားကျွန်းအစပ်မှာ စစ်ကောင်စီရေတပ် စစ်ရေယာဉ်တစ်စီးကို AA က တိုက်ခိုက်ဖျက်စီး

အာရက္ခတိုင်းမ်စ် (၁၀ နိုဝင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် စစ်တွေမြို့နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ရေလမ်းကြောင်းမှာ ထိုးစစ်ဆင်လှုပ်ရှားနေတဲ့ စစ်ကောင်စီရေတပ်ရဲ့ စစ်ရေယာဉ်တစ်စီးကို အာရက္ခတပ်တော် (AA) က ထပ်မံတိုက်ခိုက်ပြီး ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်တွေမှာ စစ်ကောင်စီရေတပ်သင်္ဘောတွေကို AA က ဆက်တိုက်တိုက်ခိုက်နေပြီး AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အောက်တိုဘာလ ၂၆ ရက်မှာ စစ်တွေအနီး ကုလားတန်မြစ်ဝမှာရှိတဲ့ စစ်ကောင်စီစစ်သင်္ဘော ၃ စီးကို တိုက်ခိုက်လို့ ၂ စီး နစ်မြုပ်ပြီး ၁ စီး ပြင်းထန်စွာ ပျက်စီးခဲ့တယ်လို့ ဆိုထားပါတယ်။

AA ရဲ့ ဆိုချက်အရ ပြီးခဲ့တဲ့ တစ်လအတွင်း စစ်ကောင်စီရေတပ်သင်္ဘော ၆ စီး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၉ ရက်မှာလည်း ငပြီကျွန်းအနီး ကုလားတန်မြစ်မှာ AA က စစ်ကောင်စီစစ်သင်္ဘောတစ်စီးကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေက စစ်တွေဝန်းကျင်မှာ ရွှေမင်းဂံရေတပ်စခန်း၊ စစ်တွေ-ပုဏ္ဏားကျွန်းနယ်စပ်၊ ရသေ့တောင်မြို့နယ်က မယူမြစ်အနီး တိုက်ပွဲလိုင်းသုံးခုမှာ ခံစစ်ပြင်နေရတယ်လို့ သိရပါတယ်။

Related posts

ရက္ခိုင်မှာ စပါးတစ်တောင်း ၉ ကီလိုဂရမ် (သို့) နို့ဆီဘူး ၅၅ ဘူးထက်မပိုအောင် ULA/AA စံသတ်မှတ်

နန်းကျားရွာ ဗုံးကြဲမှု သတင်းမှန်ကြောင်း Myanmar Witness အတည်ပြု

ပုဏ္ဏားကျွန်းတောင်ပိုင်းကို စစ်ကောင်စီ ထပ်မံထိုးစစ်ဆင်ဖို့ လှုပ်ရှား၊ ငပြီကျွန်းမှာ တိုက်ပွဲဆက်ဖြစ်နေ