အာရက္ခတိုင်းမ်စ် (၁၅ နိုဝင်ဘာ ၂၀၂၆)
The Arakan Youth Peace Network (AYPN) က ရက္ခိုင်ပြည်အတွင်းနဲ့ ယာယီစစ်ဘေးရှောင်နေရတဲ့ မြန်မာနိုင်ငံအတွင်းက အသက် ၁၆ နှစ်ကနေ ၃၃ နှစ်အတွင်း ဘာသာပေါင်းစုံက လူငယ်အမျိုးသား၊ အမျိုးသမီးတွေအတွက် “Human Rights & Social Cohesion” (Online & In-Person) သင်တန်းအမှတ်စဉ် ၁၀ ကို ထပ်မံဖွင့်လှစ်မယ်လို့ ထုတ်ပြန်ထားပါတယ်။
သင်တန်းမှာ လူ့အခွင့်အရေးအခြေခံသဘောတရားတွေ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (UDHR)၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေ (IHL)၊ လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးအစားတွေအပြင် လူမှုသဟဇာတဖြစ်မှု၊ ယုံကြည်မှုတည်ဆောက်ခြင်းနဲ့ ဆက်သွယ်ညှိနှိုင်းခြင်း စတဲ့ အချက်တွေကို သင်တန်းနည်းပြ ၂ ဦးက သင်ကြားပေးမယ်လို့ ဆိုပါတယ်။
လျှောက်ထားမယ့်သူတွေဟာ လူမှုသဟဇာတဖြစ်ရေးနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာသူ၊ လူမျိုးဘာသာမခွဲခြားဘဲ အတူတကွ ပူးပေါင်းနေထိုင်လိုသူ၊ သင်တန်းကာလအတွင်း ပါဝင်နိုင်သူနဲ့ စည်းကမ်းလိုက်နာနိုင်သူ ဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။
သင်တန်းကို Zoom ကနေ အွန်လိုင်းတက်ရောက်ရမယ်လို့ ဆိုပါတယ်။ အွန်လိုင်းက တက်ရောက်မယ့်သူတွေက လူကိုယ်တိုင် လာရောက်စရာ မလိုဘဲ ပါဝင်သူတွေကို အင်တာနက်ဘေလ် ထောက်ပံ့ပေးမယ်လို့ AYPN က ဆိုပါတယ်။
လျှောက်လိုသူတွေက နိုဝင်ဘာလ ၂၀ ရက်၊ ညနေ ၅ နာရီ နောက်ဆုံးထားပြီး AYPN ရဲ့ လျှောက်လွှာဖောင်ကနေ လျှောက်ထားနိုင်ပြီး ရွေးချယ်ခံရသူတွေကို နိုဝင်ဘာလ ၂၃ ရက်မှာ Signal Group ကနေ ဆက်သွယ်ပေးမယ်လို့ AYPN က ဖော်ပြထားပါတယ်။