အာရက္ခတိုင်းမ်စ် (၁၇ နိုဝင်ဘာ ၂၀၂၆)
ကံကော်မြေပရဟိတအသင်း (ဂုံးချွန်) နဲ့ မေတ္တာရင်ခွင်ပရဟိတအသင်း (သန္တာမြေ) တို့ ပူးပေါင်းပြီး တောင်ကုတ်ခရိုင်အတွင်းက စစ်ဘေးရှောင်စခန်းတစ်ခုကို သွားရောက်ကာ ဆန်နဲ့ စားသောက်ကုန်တွေ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
လှူဒါန်းမှုမှာ အိမ်ထောင်စု ၁၆၄ စုနဲ့ လူဦးရေ ၇၅၀ ဦးအတွက် လူတစ်ဦးကို ဆန် ၁၄ ဗူးနှုန်းနဲ့ စုစုပေါင်း ဆန်အိတ် ၁၂၀ အိတ် (တန်ဖိုး ကျပ် ၈,၀၄၀,၀၀၀) ကို ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဆန်တွေနဲ့အတူ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက လှူဒါန်းပေးပို့ထားတဲ့ ငါးပိနဲ့ ငါးနီတူခြောက်တွေကိုလည်း စစ်ဘေးရှောင်ပြည်သူတွေလက်ဝယ် အရောက် ထပ်မံ ဝေငှခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ကူညီထောက်ပံ့မှုမှာ ဆန်ဖိုးအပြင် ကားခ၊ ဗွီနိုင်းထုတ်ခနဲ့ ငွေထုတ်ခ စုစုပေါင်း ကုန်ကျစရိတ်က ကျပ် ၈,၅၆၀,၀၀၀ အထိ ရှိခဲ့တယ်လို့ စာရင်းတွေအရ သိရပါတယ်။
ပြည်တွင်းပြည်ပက ရက္ခိုင်ညီအစ်ကို မောင်နှမတွေအနေနဲ့ စစ်ဘေးရှောင်တွေအတွက် တတ်နိုင်ရာ ဆက်လက်လှူဒါန်းကြဖို့ တာဝန်ရှိသူတွေက မေတ္တာရပ်ခံထားပါတယ်။
လှူဒါန်းလိုသူတွေအနေနဲ့ ရမ္မာဝတီဇာမဏီပရဟိတအသင်းရဲ့ Page Messenger ဒါမှမဟုတ် တာဝန်ခံတွေဆီ ဖုန်းနဲ့ ဆက်သွယ်ဖို့လည်း ဆိုပါတယ်။