ကုန်ကားကြီးများသွားလာနိုင်ရန် ဘူးသီးတောင် မောင်တောလမ်း AA ပြင်နေ

အာရက္ခတိုင်းမ်စ် (၉ သြဂုတ် ၂၀၂၅)

ကုန်တင်ကားကြီးများ သွားလာနိုင်ရေးအတွက် ရက္ခိုင်ပြည်က ဘူးသီးတောင် မောင်တော ကားလမ်းကို အာရက္ခတပ်တော်က ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“မိုးများပြီး လမ်းတွေ အပျက်အစီးများတော့ ပြီးခဲ့တဲ့လက ကုန်ကားသွားလာခွင့်ပိတ်ထားတယ်။ ပြန်လည် သွားလာလို့ရအောင် တပ်တော်က ပြင်ဆင်ပေးနေတယ်” လို့ မောင်တောဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဘူးသီးတောင် မောင်တော ကားလမ်းကို လောလောဆယ် အိမ်စီးကားသေး၊ တုတ်တုတ်၊ သုံးဘီး နဲ့ ဆိုင်ကယ်ကိုတော့ အာရက္ခတပ်တော်အနေနဲ့ သွားလာခွင့် ပြုထားတယ်လို့ သိရပါတယ်။

“မိုးများတော့ တောင်ကျရေက တရှိန်ထိုးကျတော့ လမ်းတွေက ပျက်စီးတာပေါ့။ အရင်တုန်းကလည်း ဒီလိုပဲ ပျက်စီးတာပဲ။ ပျက်လိုက် ပြင်လိုက်ပေါ့” လို့ ဘူးသီးတောင်မြို့‌ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည် ဘူးသီးတောင် မောင်တော ကားလမ်း နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းဖြစ်ပြီး လမ်းအရှည်ဟာ ၁၆ မိုင်ခန့် ရှည်လျားတယ်လို့လည်း သိရပါတယ်။

Related posts

သံတွဲသား ထွန်းနိုင်စိုးရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ရခိုင်ယူနိုက်တက် V.U.E Nay Pyi Taw ကိုနိုင်

ရခိုင်ယူနိုက်တက် လေးပွဲဆက် အနိုင်ရလို့ ကစားသမားနဲ့ နည်းပြအဖွဲ့ကို ၇၂ သိန်း ဂုဏ်ပြုဆုငွေ ချီးမြှင့်

‎ရွေးကောက်ပွဲအတုက သမ္မတအတု၏ အတုအယောင်ဖြစ်သော ငြိမ်းချမ်းရေးအတုဆွေးနွေးပွဲနှင့် အုတ်နံရံကို ခေါင်းဖြင့်ဆောင့်နေရသည့် ရဲဝင်းဦး၏ စစ်ရေးဗျူဟာ