BusinessNewsPolitic

ကုန်ကားကြီးများသွားလာနိုင်ရန် ဘူးသီးတောင် မောင်တောလမ်း AA ပြင်နေ

အာရက္ခတိုင်းမ်စ် (၉ သြဂုတ် ၂၀၂၅)

ကုန်တင်ကားကြီးများ သွားလာနိုင်ရေးအတွက် ရက္ခိုင်ပြည်က ဘူးသီးတောင် မောင်တော ကားလမ်းကို အာရက္ခတပ်တော်က ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“မိုးများပြီး လမ်းတွေ အပျက်အစီးများတော့ ပြီးခဲ့တဲ့လက ကုန်ကားသွားလာခွင့်ပိတ်ထားတယ်။ ပြန်လည် သွားလာလို့ရအောင် တပ်တော်က ပြင်ဆင်ပေးနေတယ်” လို့ မောင်တောဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဘူးသီးတောင် မောင်တော ကားလမ်းကို လောလောဆယ် အိမ်စီးကားသေး၊ တုတ်တုတ်၊ သုံးဘီး နဲ့ ဆိုင်ကယ်ကိုတော့ အာရက္ခတပ်တော်အနေနဲ့ သွားလာခွင့် ပြုထားတယ်လို့ သိရပါတယ်။

“မိုးများတော့ တောင်ကျရေက တရှိန်ထိုးကျတော့ လမ်းတွေက ပျက်စီးတာပေါ့။ အရင်တုန်းကလည်း ဒီလိုပဲ ပျက်စီးတာပဲ။ ပျက်လိုက် ပြင်လိုက်ပေါ့” လို့ ဘူးသီးတောင်မြို့‌ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်ပြည် ဘူးသီးတောင် မောင်တော ကားလမ်း နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းဖြစ်ပြီး လမ်းအရှည်ဟာ ၁၆ မိုင်ခန့် ရှည်လျားတယ်လို့လည်း သိရပါတယ်။

Related posts

ပုဏ္ဏားကျွန်း နဲ့ ရသေ့‌တောင်မြို့နယ်ကို စကမ ထပ်မံဗုံးကြဲ

Rakhita Times

အမ်း နဲ့ မြေပုံကို စစ်ကောင်စီဗုံးကြဲ၊ ကနဦး ၂ ဦး သေဆုံး

Rakhita Times

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၉၀ ရာခိုင်နှုန်း မြင့်တက်

Rakhita Times

26 comments

Leave a Comment