ပြည်ပရောက်ညီနောင်ပရဟိတအသင်းများရဲ့ ငါးကြိမ်မြောက်အလှူကို HDCO က ရေဘေး‌အတွက် ပြန်လည်လှူဒါန်းပေး

အာရက္ခတိုင်းမ်စ် (၁၇ ဇူလိုင် ၂၀၂၆)

ပြည်ပရောက်ညီနောင်ပရဟိတအသင်းများရဲ့ ငါးကြိမ်မြောက်အလှူကို HDCO က ရေဘေး‌အတွက် ပြန်လည် လှူဒါန်းပေးခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံ ကိုကျော်ဆန်းဝင်းက ဆိုပါတယ်။

“ဟုတ်ကဲ့ HDCO ကတဆင့် လှူတာပါ။ ကျနော်တို့ အာရက္ခပြည်သူ့အစိုးရရဲ့ HDCO ကို လှူတယ်။ အဲ့ဒီကနေတဆင့် ရေဘေးကယ်ဆယ်ရေးတွေကိုလှူပေးတဲ့ သ‌ဘောမျိုးပေါ့။ ကျနော်တို့လှူတာ တစ်သင်းကို ၅ သိန်းဆိုတော့ သိန်း ၆၀ ပေါ့။ ထုတ်ခ ဘာညာနဲ့ဆို နည်းနည်းတော့ ကွာခြားတာ ရှိတာပေါ့” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ပြည်ပရောက်ညီနောင်ပရဟိတအသင်းများကို ၂၀၂၆ ခုနှစ်၊ မတ်လမှာ အသင်း ၉ သင်းနဲ့ စတင် ဖွဲ့စည်းခဲ့ပြီး လက်ရှိမှာတော့ အသင်း ၁၂ သင်းထိ ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အသင်းများ စုပေါင်းပြီး လှူဒါန်းခဲ့တာဖြစ်ပြီး ယခု လှူဒါန်းမှုဟာ ငါးကြိမ်မြောက် လှူဒါန်းမှု ဖြစ်တယ်လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဆိုပါ လှူဒါန်းမှုကို ပြည်ပရောက်ညီနောင်ပရဟိတအသင်းဝင်များဖြစ်တဲ့ လေးဝတီမျိုးသျှစ်လူငယ်ပရဟိတအသင်း၊ စည်းလုံးသောအလင်းကြည်ပွင့်များပရဟိတအသင်း၊ ARAKAN လူငယ်ပရဟိတအသင်း၊ အိမ်ကြီးရခိုင်မျိုးဆက်သစ်လူငယ်ပရဟိတအသင်း၊ စည်းလုံးခြင်းနန့်ချီတက်ကတ်မေပရဟိတအသင်း၊အဖြူရောင်သံယောစဉ်မောင်နှမများပရဟိတအသင်း၊ ရက္ခိတဒါနလူငယ်ပရဟိတအသင်း၊ စည်းလုံးမှုအင်အားရခိုင်လူငယ်များပရဟိတအသင်း၊ ARAKAN STAR CHARITY၊ နိုင်ငံတကာရောက်ခမီအမျိုးသားအသင်း၊ မျိုးမြတ်ရခိုင်လူငယ်ပရဟိတအသင်း နဲ့ မျိုးကိုချစ်ကေသွီးမရောကေ့ပရဟိတအသင်းတို့က စုပေါင်း လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

Related posts

မြောက်ဦးက ရေမြုပ်ခဲ့တဲ့ သောက်ရေကန်တွေကို ပြန်လည်တူးဖော်ပေးနေ

မင်းပြားတွင် လမ်းသန့်ရှင်းရေး AA လုပ်ဆောင်ပေး

ပုဏ္ဏားကျွန်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို AA ကူညီ၊ ကျန်းမာရေးစောင့်ရှောက်မှုပါ ပေးနေ(ဓာတ်ပုံသတင်း)